အပိုင်း ၂၁ ဂူချန်းဂီကို ကြောက်စရာ အကြောင်းမရှိဘူး၊ ကောင်းကင် စိတ်ဝိညာဏ်အဆီအနှစ်
'' ဘယ်လိုလဲ ? တာအို ဆရာသခင်က ဘာပြောလဲ??''
ကျန်းရီ ၊ ကျောက်ဟန် နှင့် အခြား တာအိုဆရာသခင်တွေက ကောင်းကင်မျော်စင် နန်းတော်မှ ပြန်လာသော မုရုံချန်း နှင့် နန်ကုန်းဟောင် ကို မြင်သောအခါ မြန်မြန် မေးလိုက်ကြ၏။ ဒီနှစ်ယောက်က ဂူချန်းဂီကို အနိုင်ယူဖို့ ဘယ်လို သင်ယူခဲ့လဲဆိုတာ မျှော်လင့်နေကြ၏။
'' စီနီယာ အကိုကြီး ပြောတာက..... ဂူချန်းဂီကို ကြောက်စရာ အကြောင်းမရှိဘူးတဲ့..!''
ကျန်းရီ နှင့် အဖွဲ့သားတွေက ဆွံအ သွားခဲ့သည်။
ပြီးနောက်...ဂူချန်းဂီအကြောင်း ကျယ်ကျယ်ဝန်းဝန်း သိကြတာက သူက မဟာ ဂိုဏ်းကြီး လေးခုမှ တာအိုဆရာသခင် ရှစ်ယောက်ကို အနိုင်ယူခဲ့လို့ ဖြစ်၏။ သူ့ရဲ့ အဆင့်အတန်း ရှုထောင့်က ကြည့်ရင် သူက တကယ့်ကို သူ့မျိုးဆက်ရဲ့ ပြိုင်ဘက်ကင်း သူ တစ်ယောက်ဖြစ်ပေသည်။
သို့သော်...ချူခွန်းရန်က ဂူချန်းဂီကို နည်းနည်းလေးမှ ကြောက်ရကြောင်းမှန်းမသိချေ။
ထိုဟာက သူတို့ကိုကို တုန်လှုပ်စေသည်။ မကြာခင် ကျောက်ဟန်က ရယ်ပြီးတော့ ပြောလိုက်၏။'' စီနီယာ အစ်ကိုကြီးက ဘယ်လိုလူမျိုးလဲ..၊ ဂူချန်းဂီက အဇူရာ နဂါး နယ်ပယ်မှာ တာအိုဆရာသခင် ရှစ်ယောက်ကို အကြီးအကျယ်အနိုင်ယူခဲ့တာကိုတောင် ငါတို့ စီနီယာ အစ်ကိုကြီး ကို နည်းနည်းလေးမှ မသက်ရောက်ဘူးး! ''
'' ဒီလိုမျိုး ယုံကြည်မှု ''
'' လုံးဝ မဆိုးဘူး...။ စီနီယာ အစ်ကိုကြီး က အမြဲတမ်း အကြောက်အလန့် ကင်းမဲ့တာ ''
မကြာခင်မှာပင် ... ကောင်းကင်နက်ဂိုဏ်းတွင် တစ်စုံတစ်ယောက်က ဂူချန်းဂီကို မကြောက်ဘူးဆိုသည့် စကားလုံးတွေ ပြန့်နှံလာခဲဲ့သည်။ တပည့်အများစုကတော့ ဒီ စကားလုံးတွေက ချူခွမ်းရန် ကိုယ်တိုင်ဆီက လာခဲ့တယ်ဆိုတာ သိကြသည်။
ဂူချန်းဂီက အမြဲတမ်း ပြိုင်ဘက်ကင်း နှလုံးသားကို ဖန်တီးလိုခဲ့သည်။ ဒီ အကြောင်းပြချက် ကြောင့်ဘဲ သူက တာအိုဆရာသခင် ရှစ်ယောက်ကို အနိုင်တိုက်ခိုက်ဖို့ စိန်ခေါ်ပွဲတွေ ဖန်တီးခဲ့သည်။ အကျိုးဆက် အနေနှင့် ဂူချန်းဂီ က ကောင်းကင်နက် ဂိုဏ်းသို့ မလာမှီ တပည့်များစွာက ခက်ခဲတဲ့ အချိန်တွေ လာတော့မှာကို ခံစားမိကြသည်။
သို့ပေမဲ့....ချူခွမ်းရန် ရဲ့ မှတ်ချက်က ဂိုဏ်းအတွင်းရှိ များစွာသော တပည့်တွေကို စိတ်သက်သာရာ ရစေ၏။
'' စီနီယာအစ်ကိုကြီး က တကယ့်ကို ဖြုံလောက်စရာဘဲ... သူ့အဆင့်နှင့် လူတွေမှဘဲ ဒီစကားလုံးတွေနှင့် ရဲရဲဝံ့ဝံ့ ပြောရဲတယ် ''
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...