အပိုင်း ၆၂ လေးမျိုးဆန်းကြယ်ပညာရပ်ကိုဖျက်စီးခြင်း

651 69 1
                                    

အပိုင်း ၆၂ လေးမျိုးဆန်းကြယ်ပညာရပ်ကိုဖျက်စီးခြင်း၊ ကောင်းကင်သားတော်များကိုဖိနှိပ်ခြင်း ၊ ငါမင်းတို့အားလုံးနဲ့ရင်ဆိုင်မယ်

​ကြာဖြူမိန်းမပျို၏မျက်နှာပေါ်ရှိတည်ငြိမ်သောအပြုံးသည် ေပျာက်ကွယ်သွားခဲ့သည်။သူမကချူခွမ်းရန်ကိုနောက်တစ်ကြိမ်ကြည့်ကာပြောလိုက်သည်။

'' ငါ...ငါတို့နောက်ဆုတ်မယ်...''

'' ကြာဖြူမိန်းမပျို... ''

ကြာဖြူသားတော်က ဤကဲ့သို့နိမ့်ကျသောအခြေအနေမျိုးကိုလက်မခံနိုင်ပေ။

သူကချူခွမ်းရန်ကြောင့်လက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။ ဒါကိုကြာဖြူမိန်းမပျိုက ဘာမှမဖြစ်ခဲ့သလိုသဘောထားပြီး ပညာရှင်ရဲ့အလောင်းကိုပါလက်လျော့ချင်နေတယ်တဲ့လား...။

သူဒါကိုဘယ်လိုလုပ်လက်ခံနိုင်မှာလဲ...။

'' ပါးစပ်ပိတ်ထား...''

ကြာဖြူမိန်းမပျိုက ရှားရှားပါးပါးပင် ညင်သာစွာတားမြစ်လိုက်သည်။

သူမကဲ့သို့ကြာဖြူမိန်းမပျိုကပင် ပြန်လည်တိုက်ခိုက်လျှင်လည်း ဘာမှပြောင်းလဲသွားမည်မဟုတ်ချေ။ထို့ကြောင့် အထိအခိုက်နည်း အောင်ကာကွယ်ရမည်ဖြစ်သည်။

'' ပညာရှိတဲ့ရွေးချယ်မှုပဲ...''

ချူခွမ်းရန်က ခံစားချက်မဲ့စွာပြောလိုက်သည်။

'' တစ်ခုခုကို မရခင်ကပင်လက်လျှော့တတ်တာက ငါ့အကျင့်မဟုတ်ဘူး...ဘာပ​ဲဖြစ်ဖြစ်အနည်းဆုံးတော့စမ်းကြည့်ရမှာပဲ...''

ဓမ္မဂိုဏ်းမှယွမ်ဟောင်က ထုတ်ဖော်ပြောလိုက်သည်။

သူ၏နောက်တွင် ဓမ္မဂိုဏ်းမှနောက်လိုက်လေးဦးထွက်ပေါ်လာပြီး လက်ကိုအပေါ်ကိုတွန်းပို့လိုက်ကြသည်။

သူတို့လေးယောက်လုံးသည် နည်းစနစ်တစ်မျိုးစီတွင် ကျွမ်းကျင်ကြပြီး မကြာမီချူခွမ်းရန်ကိုဝန်းရံလိုက်ကြသည်။ချက်ချင်းဆိုလိုပင် ထင်ရှားပေါ်လွင်သော တာအိုစည်းချက်လေးမျိုးသည် တိုက်ပွဲတစ်ခုလုံးကိုပြည့်နှက်သွားခဲ့သည်။

၄င်းသည်စွမ်းအားကြီးသော ပူပေါင်းတိုက်ခိုက်မှုပင်ဖြစ်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now