အပိုင်း ၇၂ ငါ ရောင်းစား ခံရပြီ ၊ စကားပြောကောင်းသော ဘုရင်မ

690 59 2
                                    

အပိုင်း ၇၂
ငါ ရောင်းစား ခံရပြီ ၊  စကားပြောကောင်းသော ဘုရင်မ

မြို့တော် ၊ တည်းခိုခန်း ရဲ့ အခန်းတွေထဲမှ တစ်ခု၏ အတွင်းမှာ...

ချူခွမ်းရန် သည် သူ၏ တံခါးပိတ် ကျင့်ကြံခြင်းကနေ နိုးထလာခဲ့သည်။ ရက်အနည်းငယ်အတွင်းတွင်
ချူခွမ်းရန် သည် တာအို အပေါ် နားလည်မှု အဆင့် နှင့် ပညာရှင် အလင်းနက်၏ အလောင်းဆီမှ ရရှိသော အကူအညီ ကို အခြေခံ၍ ဝါးမျို စားသောက်ခြင်း နည်းစနစ်၏ ကနဦး ကျွမ်းကျင်မှုကို ရောက်ရှိခဲ့သည်။

ထိုနည်းစနစ်သည် အလွန် စွမ်းအားကြီးပြီး ချူခွမ်းရန်အတွက် အလွန်အသုံးဝင်ပေမည်။ သို့ပေမဲ့လည်း၊ လူ ၏ ကမ္မ ကို အလွယ်တကူ ထိခိုက်နိုင်သောကြောင့် သတိထားကာ သုံးသင့်၏။

ထိုဟာက အမှန်ပင်။

ကံတရား နှင့် ကုသိုလ်တရားတို့က ဒီ ကျင့်ကြံခြင်းကမ္ဘာပေါ်မှာ တည်ရှိ၏။ ဒီယုံကြည်မှုကို အခြေခံပြီး ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသော  ကျင့်ကြံသူ အများအပြားသည် သူတို့၏ ကမ္မ ပေါ်တွင် အကြွေးသင့်ပြီး ကံဆိုး ကံညစ်များ စုပြုံလာမည်ကို ကြောက်ရွံ့သောကြောင့် သတ်ဖြတ်ခြင်းကို ရှောင်ကြည်ကြသည်။

'' မင်း နောက်ဆုံးတော့ နိုးလာခဲ့ပြီ... ကောင်ငယ်လေး ။ မင်း တစ်ခုခု တိုးတက်လာခဲ့သလား?''

သတ္တမမြောက် ဘိုးဘေး၏ အသံသည် ဟင်းလင်းပြင်မှ ထွက်ပေါ်လာ၏။

'' ဟုတ်တယ်...နည်းနည်းပေါ့ ''
ချုခွမ်းရန် က ညင်သာစွာ ပြန်ဖြေလိုက်သည်။

'' ကြားရတာ ကောင်းတယ်...နားထောင်စမ်း၊ ငါ မင်းကို သတင်းတချို့ပြောစရာ ရှိတယ် ၊ ကလေး။ မင်းသမီး လင်းလောင်ကို မင်းအပိုင်ဖြစ်အောင်လုပ်ဖို့ မင်းမှာ ကံတရား၊ ရုပ်ရည် သို့မဟုတ် အောင်မြင်မှု တစ်ခုမှ နိမ့်ကျနေတာမဟုတ်ဘူး ''

သတ္တမမြောက်ဘိုးဘေး၏ စကားကိုကြားသောအခါ ချူခွမ်းရန်သည် သောက်နေသော ရေကို ချက်ချင်းဆိုသလို ထွေးထုတ်လိုက်မိသည်။ သူ၏ မျက်နှာက အံ့အားမှုတွေနှင့် ပြည့်နှက်နေခဲ့၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now