အပိုင်း၅၂ ထိပ်တန်းသွေးဝိညာဥ်တာအိုခန္ဓာ

695 74 1
                                    

အပိုင်း၅၂ ထိပ်တန်းသွေးဝိညာဥ်တာအိုခန္ဓာ ၊ မိုးကြိုးသိမ်းငှက်မျိုးနွယ်စု၏အင်ပါယာငယ်က တိရိစ္ဆာန်ပဲ

'' စီနီယာအစ်ကိုကြီး...''

'' စီနီယာအစ်ကိုကြီးကိုနှုတ်ဆက်ပါတယ်...''

အကြီးအကဲရူယန်၏ ဘေးတွင်ရပ်နေကြသော နန်းကုန်းဟောင်၊ မုရုံချန်းနှင့် တခြားတပည့်တွေက ရှေ့ကိုထွက်လာကြပြီး ပျော်ရွင်စွာနှုတ်ဆက်လိုက်ကြသည်။

'' ဂိုဏ်းတူညီတော် ညီမတော်တို့ကိုနှုတ်ဆက်ပါတယ်၊ အရာအားလုံးအဆင်ပြေဖို့မျှော်လင့်တယ်...''

'' ဟာ...ဟား စီနီယာအစ်ကိုကြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က လုပ်ခဲ့တာတွေကြားပါတယ် ဒါကြောင့် ကျွန်တော်ကအစ်ကိုကြီးကို ပိုတောင်လေးစားမိတယ်...''

မုရုံချန်းက လက်မထောင်ပြကာ လေးစားကြည်ညိုစွာ ဆိုသည်။

နန်းကုန်းဟောင်က မုရုံချန်း၏ဘေးတွင် စကားမပြောပဲ မတ်တပ်ရပ်နေသည်။သို့သော် သူ၏အကြည့်များကြောင့် သူသည်လည်းချူခွမ်းရန်ကို တစ်နေ့ထက်တစ်နေ့ ပိုမိုလေးစားလာကြောင်းပြောနိုင်သည်။

ချူခွမ်းရန်က ညင်သာစွာပြုံးနေသော်လည်း စကားတစ်ခွန်းမှပြန်မပြောပေ။

အလွန်တရာမျှ ယဥ်ကျေးနေခြင်းက အတုအယောင်များဖြစ်နိုင်သလို အလွန်တရာမျှ ကြွားဝါနေခြင်းက သူ့ကိုလူမုန်းများစေသည်။ထိုအကြောင့် ထိုအချိန်တွင် သူ၏မျက်နှာမှာ မထူးမခြားပင်ဖြစ်သည်။

သေချာသလောက်ပင် နန်းကုန်းဟောင်နှင့်တခြားလူများ၏ အကြည့်သည် ပိုမိုချစ်ခင်ကြည်ညိုလာပုံရသည်။

' ငါတိုရဲ့စီနီယာအစ်ကိုကြီးက တကယ့်လူပဲ၊ ကမ္ဘာတုန်လောက်တဲ့ အောင်မြင်မှုနဲ့ ဂုဏ်တွေရနေတာတောင်မှ သူရဲ့အမူအရာနဲ့ နှလုံးသားကတည်တည်ငြိမ်ငြိမ်ပဲ၊ သူကငါရဲ့စံပြပုဂ္ဂိုလ်ပဲ...''

တခြားကျင့်ကြံခြင်းဂိုဏ်းကြီးများမှ မြင့်မြတ်သခင်များက ချူခွမ်းရန်ကိုတစ်ခေါက်ကြည့်လိုက်ကြသည်။

'' ဒီလူကကောင်းကင်နက်ဂိုဏ်းရဲ့ စီနီယာအစ်ကိုကြီးဖြစ်မယ်၊ ကောလဟာလတွေကအမှန်ပဲကိုး သူ့မှာ ပြိုင်ဘက်ကင်းရုပ်ရည်နဲ့ အမူအကျင့်ကောင်းတွေရှိတာပဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now