အပိုင်း ၂၀ မင်းသားဂူချန်ဂီ ၊သူ၏မျိုးဆက်တွင်ပြိုင်ဘက်ကင်းသည်

961 90 2
                                    

အပိုင်း ၂၀ မင်းသားဂူချန်ဂီ ၊သူ၏မျိုးဆက်တွင်ပြိုင်ဘက်ကင်းသည်

ကောင်းကင်မျှော်စင်နန်းတော်

ခခြံဝင်းထဲတွင်ချူခွမ်းရန်သည် ပက်လက်ကုလားထိုင်ပေါ်တွင်လဲလျောင်းနေသည်။

သူ၏နောက်တွင် လျိုပင်းသည် စပျစ်သီးပန်းကန်ကိုကိုင်ကာမတ်တပ်ရပ်နေသည်။သူ၏ဘေးတွင်ကား လန်ယုသည် အင်္ကျီအပြာနှင့် ဂါဝန်အဖြူကိုဝတ်ဆင်ကာ တင်ပျဥ်ခွေထိုင်လျက်ရှိပြီး သူမ၏ရှေ့တွင်အနက်ရောင်ကုချင်းတစ်ခုရှိနေသည်။

သူမလက်တစ်ချက်လှုပ်ရှားလိုက်တိုင်း လှပသောသံစဥ်များ ထွက်ပေါ်နေသည်။

''အာ...''

ချူခွမ်းရန်က ပါးစပ်ဟလိုက်သည်နှင့် လျိုပင်းကသူ့အား စပျစ်သီးကိုခွံ့ကျွေးလိုက်သည်။သူသည် လန်ယု၏ကုချင်းသံကိုနားထောင်ရင်း သာယာနေ၏။

လျိုပင်းကနောက်မှနေ၍ချူခွမ်းရန်ကို စပျစ်သီးခွံ့ကျွေးရင်း သူ၏မျက်နှာကို အနီးကပ်ကြည့်ကာ သူမ၏မျက်နှာမှာ အနည်းငယ်နီရဲနေသည်။

အပြင်ဘက်ကမ္ဘာတွင် သူ့ကိုစိတ်အားထက်သန်စွာ တွေ့ချင်နေကြသောမိန်းကလေးများစွာရှိသည်။သို့သော်လည်းယခုအချိန်တွင် သူမသည် သူ့အားစပျစ်သီးခွံ့ကျွေးနေသည်။ဤအကြောင်းကိုတွေးမိသည်နှင့်သူမပျော်ရွင်လာသည်။

သီချင်းတစ်ပုဒ်ပြီးဆုံးသွား၏။

လန်ယုကပြုံးကာမေးလိုက်သည်။

''သခင်လေးနောက်ထပ်ဘာနားထောင်ချင်သလဲ''

သူမသည် ရဲရင့်သောစစ်သည်တစ်ယောက်ဖြစ်သည့်အပြင် သီချင်းကဏ္ဍတွင်လည်းထူးချွန်၏။ချူခွမ်းက ၄င်းကိုမကြာသေးမီကသိရှိခဲ့ခြင်းဖြစ်သည်။လန်ယုသည် အစစ်အမှန်ဟုတ်ရဲ့လားဟုထင်ရအောင်ထူးချွန်လွန်းသည်။

သူမသည် လှပသည်။စွမ်းအားကြီးသည်။ပြီးလျှင် ချူခွမ်းရန်အပေါ်တွင်လည်းသစ္စာရှိ၏။

''တော်ပြီ...တကယ်လို့ငါသာဆက်နားထောင်နေမယ်ဆိုရင် ဒီနေရာကထနိုင်တော့မှာမဟုတ်ဘူး''

ချူခွမ်းရန်က ခေါင်းခါကာပြုံးလိုက်သည်။သူကအပျင်းဆန့်ကာပြောလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora