အပိုင်း ၃၅၇ ရက်စက်ကြမ်းကြုတ်သော ကျောက်သမုဒ္ဒရာသားရဲအဆီအနှစ်ဝိညာဉ် ခွန်ဝေလငါး

477 46 0
                                    

အပိုင်း ၃၅၇  ရက်စက်ကြမ်းကြုတ်သော ကျောက်သမုဒ္ဒရာသားရဲအဆီအနှစ်ဝိညာဉ် ခွန်ဝေလငါး၊ ငါ့ပညာရှင်ဝိညာဥ်က ငါ့ကို နောက်တစ်ကြိမ် ထားသွားတော့မယ်

    ချူခွမ်းရန်သည် ဧရာမကျောက်တုံးကြီး တစ်ခုတွင် ထိုင်နေပြီး မည်သည့်နေရာမှ ရလာမှန်း မသိသော ဝိုင်တစ်ခွက်ကို လက်တွင် ကိုင်ထားကာ နှစ်ခြိုက်စွာ သောက်သုံးနေသည်။

    ခေါင်းကိုးလုံးမြွေနဂါးက သူ့ဓားချီကိုယ်ပွားအကုန်လုံးကို သတ်ဖြတ်ပြီးမှသာ သူ့မေ့စေ့ကို မော့လိုက်သည်။

    “ အို့၊ မင်း နောက်ဆုံးတော့ ပြီးသွားပြီ။ တကယ်ကို သားရဲရိုင်း တစ်ကောင်ပဲ...”

လီဇီ၏ နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားသည်။

ဒီချူခွမ်းရန်ကား ခေါင်းကိုးလုံးမြွေနဂါးကို အလေးအနက်မထားပုံ ရသည်။ ဘာပဲဖြစ်နေပါစေ၊ ၎င်းက ရှေးဟောင်းသားရဲရိုင်း တစ်ကောင် မဟုတ်လော။

အနည်းဆုံးတော့ လေးစားသမမှု ပြသင့်ပေသည်။

“ ခွေးမသား၊ ငါ မင်းကို စားမယ်”

    ခေါင်းကိုးလုံးမြွေနဂါးသည် ချူခွမ်းရန်အား စွဲဖြဲချင်စိတ်ဖြင့် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။

    ထိုအချိန်တွင် မရေမတွက်နိုင်သော ဓားချီသည် မြေပြင်မှ ရုတ်ခြည်း ထွက်ပေါ်လာပြီး ဓားချီတံတိုင်းတစ်ခု အဖြစ် ကောင်းကင်ယံ၌ ရောယှက်နေလေသည်။

“ ဒါ ဘာလဲ”
လီဇီ၏ အမူအရာက ပြောင်းသွားသည်။

ထို့နောက်၊ သူသည် မြေပြင်အနှံ့ ပြန့်ကျဲနေသော ဓားရှည်များကို ကြည့်လိုက်သည်။

   ထိုဓားရှည်များအားလုံးက အခုအခါ တုန်ခါနေ၏။ ၎င်းက ဓားချီတံတိုင်း ဆီတိုးဝင်သွားပြီး ပုံစံတစ်ခု ဖော်လာသည်။ ၎င်းက ဓားချီကိုယ်ပွားများ မဟုတ်သော်လည်း ထိုဓားများ၏ မျက်နှာပြင်မှ ကြောက်မက်ဖွယ်ဓားချီများ ထုတ်လွှတ်ဆဲဖြစ်သည်။

“ ဓားအစီအရင်၊ အသက်ဝင်စမ်း”
ချူခွမ်းရန်က ရိုးရိုးရှင်းရှင်း ပြောသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now