အခန်း ( 5 ) နှိမ့်ချစွာ တောင်းပန်လာသော လီယောက်၊ သူ့အလိုကျ

1.3K 126 2
                                    

မူရင်း စာစဉ်အမည် - ကျုပ်က ပြိုင်ဘက်ကင်း  ( Unparalleled after ten consecutive draws )
မူရင်းစာရေးသူ - Carefree Smile

အခန်း ( 5 ) နှိမ့်ချစွာ တောင်းပန်လာသော လီယောက်၊ သူ့အလိုကျ

ကောင်းကင်မြင့်တာအိုနန်းတော်။

ရှောင်ပင်းက အမျိုးသမီးဝတ် ပစ္စည်း၊ပစ္စယများဖြင့် ချူခွမ်းရန်အခန်းကို လျှောက်လာသည်။

သူမဟာ စိတ်ထဲ ဇဝေဇဝါလည်း ဖြစ်နေ၏။

အနှီသခင်လေးက အကြောင်းပြချက်မရှိဘဲ မိန်းကလေးဝတ်များကို ဘာကြောင့် လိုချင်နေမှန်း မသိပေ။

ထို့အပြင် အစုံလိုက် အပြည့်အစုံပင် ဖြစ်နေသေး၏။ သူ့တွင် အထူးစွဲလမ်းမှုမျိုးများ ရှိနေလေရော့သလား။

"သခင်လေးရှင့်၊ ကျွန်မ အဝတ်တွေ ယူလာခဲ့တာပါ"
ရှောင်ပင်းက တံခါးခေါက်ပြီး ဝင်ရောက်သွားခဲ့သည်။ သို့သော် ချူခွမ်းရန်၏ အခန်းအတွင်း၌ နောက်ထပ် မိန်းကလေးတစ်ဦး ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

အလွန်လှပသော မိန်းကလေးပင် ဖြစ်သည်။

ထိုကဲ့သို့သော အလှမျိုးက မိန်းမလှအားလုံးကို ရှက်ရွံ့သွားစေနိုင်သည်။ ရှောင်ပင်းပင်လျှင် ထိုမိန်းကလေးကို မြင်ရသောအခါ ရှက်ရွံ့၊ သိမ်ငယ်သကဲ့သို့ ခံစားလိုက်ရ‌ပါသေးသည်။

ခဏလေး။
ဒီမိန်းမလှလေးမှာ ဘယ်လိုလုပ်ပြီး အတောင်တွေ ရှိနေတာလဲ။

"ကျေးဇူးပဲ"
ချူခွမ်းရန်လည်း အဝတ်အစားများကိုယူပြီး လန်ယုကိုလှည့်ပေးကာ ပြောလိုက်သည်။
‌"လောလောဆယ်တော့ ဒါတွေကိုပဲ လဲထားလိုက်"

လန်ယု သူ့ထံမှ အဝတ်အစားများကို ယူကာ ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့။”

ထို့နောက် အဖြူရောင် အလင်းများ ဖြာထွက်လာပြီး လန်ယု ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါ ဖြူဖွေး၍ လှပလွန်းသော အသွင်ပြင်က ချူခွမ်းရန်နှင့် ရှောင်ပင်းအရှေ့တွင် ပေါ်ထွက်လာခဲ့၏။

ချူခွမ်းရန်တစ်ယောက် နှာခေါင်းသွေးလျှံတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။ သူ့နံဘေးရှိ ရှောင်ပင်းသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now