296-300

650 58 1
                                    

အပိုင်း ၂၉၆  အုပ်စုအဆင့် နောက်ဆုံးအချီ၊ ရှေးဟောင်း သွေးစွန်းလလမ်း‌ကြောင်း များ၊ ကိုယ်စားလှယ်ငါးဦး

     "ချီးပဲ၊ ကောင်းကင်နက်ဂိုဏ်းဝင်တွေက သွေးကြီးလွန်းတယ်"

     " မှန်ပါ့ဗျာ။ သူတို့က ပြိုင်ပွဲအတွင်းမှာတောင် သွေးနားထင်ရောက်နေတာ အခုဆို ပိုသွေးကြီးတာပေါ့။ သူတို့ကို ပြန်တိုက်ဖို့ နည်းလမ်းရှာရမယ် "

   " ဟမ်း...၊ သူတို့ကြယ်ပွင့်တွေရဲ့ ဒီနေ့ စွမ်းဆောင်ရည်ကို ကြည့်ရင် ဘယ်သူက ဒီလောက်လုပ်ဆောင်နိုင်မှာလဲ။ ဒါက အရမ်းခက်ခဲလွန်းတယ်"

" ဟမ့်၊ နည်းလမ်းတစ်ခုတော့ ရှိသေးတယ်"

     ထိုအခိုက်အတန့်တွင်၊ လိုင်မင်းထျန်၏ မျက်နှာတွင် ယုတ်မာသောအပြုံးတစ်ခု ပေါ်လာသည်။

   လူအုပ်က သူ့ကို လှည့်ကြည့်လိုက်သည်။
" လာ...၊ တစ်နေရာမှာ သွားဆွေးနွေးရအောင် "

    လိုင်မင်းထျန်က ညင်သာစွာပြောပြီး ပင်လယ်လေးစင်းစားသောက်ဆိုင်နှင့် ဝေးရာသို့ အဖွဲ့အား ဦးဆောင်သွားသည်။

    "ကဲ၊ သန်မာတဲ့ သူက ကျန်စမြဲပဲလေ"

     စီမံခန့်ခွဲသူ ဝမ်က လိုင်မင်းထျန်တို့ အုပ်စု ထွက်သွားသည်ကို ကြည့်၍ သက်ပြင်းချပြီး တစ်ယောက်နှင့်တစ်ယောက် ခွက်ချင်းတိုက်ပြီး ပျော်ရွှင်နေသော ကောင်းကင်နက်ဂိုဏ်းသားများကို ကြည့်လိုက်သည်။

စားသောက်ဆိုင် ထဲတွင်။

စားသောက်ဖွယ်မျိုးစုံနှင့် အရက်ကောင်းများက စားပွဲဝိုင်းတွင် ပြည့်နှက်နေသည်။
မုရုံချန်းနှင့် ကျန်အဖွဲ့သားများသည် သူတို့မျက်နှာက အနီရောင်ပြောင်းသည်အထိ သောက်နေကြသည်။ ၎င်းက ပျော်စရာကောင်းသော အခါသမယပင် ဖြစ်သည်။

"အများကြီး မသောက်နဲ့။ ငါတို့ မနက်ဖြန် ယှဥ်ပြိုင်ရအုံးမယ်"
နန်ကုန်းဟောင်က အခြားအဖွဲ့ဝင်များကို သတိပြုမိသောအခါ မနေနိုင်ဘဲ စိတ်ပူသွားသည်။

"ဟားဟား၊ ဒါပေမယ့် ငါတို့ အရမ်းပျော်တယ်"
မုရုံချန်းက သူ့ဘီယာခွက်ကို ချပြီး ရယ်မောလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now