အပိုင်း ၈ မျက်နှာလိုမျက်နှာရလုပ်သောမြင့်မြတ်ဓားများ
''သူက ဒီနေရာကို ဓားရွေးဖို့ရောက်လာတဲ့တပည့်တစ်ယောက်များလား..''
မုရုံချန်းက ချူခွန်းရန်အားကြည့်ကာရေရွတ်လိုက်သည်။
သူ၏မသိစိတ်ကဤလူငယ်သည် ဓားများ၏မူမမှန်မှုနောက်ကွယ်က လူဖြစ်ကြောင်းခံစားနေသည်။တဖက်သား၏ထူးခြားသောရောင်ဝါများကြောင့်သူသည်နောက်တစ်ကြိမ်မကြည့်ပဲမနေနိုင်ပေ။
ချူခွန်းရန်သည် မြင့်မြတ်ဓားနယ်မြေတွင်းသို့ဝင်ရောက်လာပြီဖြစ်ကာ ဓားဆန္ဒများကသူ့အားဖုံးအုပ်ထား၏။သို့သော်စိတ်ဂင်စားစရာကောင်းသည်မှာ ထိုဓားဆန္ဒတို့သည်သူ့အားအနည်းငယ်မျှပင် အနှောင့်အယှက် မဖြစ်စေခြင်းပင်ဖြစ်သည်။
ချူခွန်းရန်သည်ခြေတစ်လှမ်းချင်းလှမ်းကာ မြင့်မြတ်ဓားများထံသို့ လမ်းလျှောက်လာသည်။မကြာလိုက်ခင်မှာပင် သူ၏ဦးတည်ရာသို့နီးကပ်လာ၏။
မုရုံချန်းသည် သူ့အားမျက်လုံးများပြူးကျယ်ကာ ကူကယ်ရာမဲ့စွာကြည့်နေသည်။
ဘာတွေဖြစ်နေတာလဲ...?
သူသည်ဓားဆန္ဒနယ်မြေအား အလွန်တရာပင်ပင်ပန်းပန်းဖြတ်ကျော်ခဲ့ရသည်။သို့သော် သူ့ရှေ့မှလူငယ်ကား အနည်းငယ်မျှပင်အားစိုက်ထုတ်နေပုံမပေါ်ပဲ သက်သက်သာသာလမ်းလျှောက်နေ၏။သူတို့နှစ်ဦးကြားမှခြားနားချက် မှာဤမျှကြီးမားသည်လား။
မုရုံချန်းသည် ကျန်ရှိနေေသာမြင့်မြတ်ဓားများကို ပြန်ကြည့်လိုက်၏။ဓားများ၏တုန်ခါမှုကပိုမိုပြင်းထန်လာသည်ကိုသူသတိထားမိလိုက်သည်။၄င်းတို့သည် သက်ရှိလူသားများကဲ့သို့ စိတ်လှုပ်ရှားနေပုံရသည်။
ချီးပဲ...!
ဒီဓားတွေကတမင်တကာလွယ်ကူအောင်လုပ်နေတာပေါ့...။အဓိပ္ပါယ်မဲ့သောအတွေးသည်သူ့ခေါင်းထဲတွင်ရုတ်တရက်ထွက်ပေါ်လာသည်။
မြင့်မြတ်ဓားများသည် ဓားတောင်၌တည်ရှိနေသည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ၄င်းတို့၏အသိအမှတ်ပြုမှုကိုရရှိရန်လာရောက်ကြသောကျင့်ကြံသူအရေအတွက် မှာလည်းများလွန်းသဖြင့်မရေတွက်နိုင်တော့ပေ။သို့သာ် ဓားများသည်တမင်တကာ သူတို့၏ဓားဆန္ဒကိုရုတ်သိမ်းပေးသည်ကိုကားမကြားဖူးသေးချေ။၄င်းတို့သည်လူတိုင်းအားတူညီစွာပင်ဆက်ဆံလေသည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...