အပိုင်း ၆၈ သတ္တမဘိုးဘေး၏ထိရောက်သောဆောင်ရွက်ချက်၊ သတိပေးချက်

694 62 0
                                    

အပိုင်း ၆၈ သတ္တမဘိုးဘေး၏ထိရောက်သောဆောင်ရွက်ချက်၊ သတိပေးချက်

ချူခွမ်းရန်လျှို့ဝှက်နယ်မြေအတွင်းတွင်ပြုလုပ်ခဲ့သော အရာအားလုံးကိုမကြာလိုက်ခင်မှာပင် လူတိုင်းသိရှိသွားကြ၏။

မြင့်မြတ်သခင်များသည် အံ့ဩလွန်းသဖြင့်ပြောစရာစကားမဲ့နေကြသည်။

'' ပညာရှင်တစ်ယာက်ကိုသတ်ဖြတ်ခြင်း...''

ထိုသတင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုသည် သူတို့ကိုင်တွယ်ရန်ကြီးမားလွန်းလှသည်။သူတို့က ထိုသတင်းကိုအဓိပ္ပါယ်မရှိ၊ အမှန်မဟုတ်ဟုခံစားနေရသည်။

အကြီးအကဲရူယန်သည်ပင် ချူခွမ်းရန်၏သတင်းသည် ချဲ့ကားပြောဆိုခြင်းဖြစ်လိမ့်မည်ဟုထင်နေ၏။

မြင့်မြတ်သခင်များပင်ထိုသို့ခံစားနေရလျှင် တခြားသူများဆိုလျှင် ပြောဖွယ်မရှိချေ။မြောက်ပင်လယ်သို့လာရောက်ကြသောသောင်းနှင့်ချီသည့် ကျင့်ကြံသူတိုင်းသည် ထိုသတင်းကြောင့် ဝမ်းတွင်းမှနေ၍ တုန်လှုပ်နေကြသည်။

'' ချူခွမ်းရန်က ပညာရှင်တစ်ယောက်ကိုသတ်လိုက်တယ်တဲ့လား...ဘုရားရေ အဲ့တာအမှန်ပဲလား...''

'' မြင့်မြတ်သခင်တွေကိုယ်တိုင်ဝန်ခံထားတာပဲ...''

'' လွန်ခဲ့တဲ့ရက်အနည်းငယ်က မြင့်မြတ်သခင်တစ်ဦးကျဆုံးတဲ့လက္ခဏာတွေပေါ်ထွက်လာခဲ့တာပဲ...ဒီတော့ဘယ်လိုလုပ်မှားနိုင်မလဲ...ချူခွမ်းရန်ကတကယ်ကြောက်စရာပဲ...''

ထိုသတင်းသည် ကျင့်ကြံသူများကြားတွင်ပျံနှံ့သွားရာ သူတို့မိမိတို့ကျင့်ကြံခြင်းနယ်မြေများကိုပြန်ရောက်သည့်အချိန်တွင် ချူခွမ်းရန်၏နာမည်သည် ကမ္ဘာကြီးပေါ်တွင်နောက်တစ်ကြိမ်ပြန်လည်ကျော်ကြားလာတော့မည်ကိုခန့်မှန်းနိုင်၏။

အဇူရာနဂါးနယ်မြေ အပြင် တခြားနယ်မြေလေးခုလုံးသည်လည်း ထိုသတင်းကြောင့်တုန်လှုပ်သွားကြမည်မှာ မလွဲမသွေပေ။

ဝှစ်...

လျှို့ဝှက်နယ်မြေအတွင်းမှ အလင်းရောင်တစ်ခုထွက်ပေါ်လာ၏။သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသောပုံရိပ်ကိုမြင်သည်နှင့် ယာရှာမျိုးနွယ်စုမှ မြင့်မြတ်သခင်ရွီယီသည် ထိုသူထံသို့ချဥ်းကပ်သွားလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Où les histoires vivent. Découvrez maintenant