အပိုင်း ၄၄ ရီလဲ့သနားညာတာရန်တောင်းပန်ခြင်း

765 76 0
                                    

အပိုင်း ၄၄ ရီလဲ့သနားညာတာရန်တောင်းပန်ခြင်း၊ချူခွမ်းရန်၏ဂုဏ်သတင်းနောက်တစ်ကြိမ်ကျော်ကြားလာခြင်း

ချူခွမ်းရန်က အနီရောင်မိုးများရွာသွန်းချနေသော ကောင်းကင်ပြင်ကြီးကိုကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

'' ဒီတော့ အဓိပတိမြင့်မြတ်သခင် တစ်ယောက်ကျဆုံးသွားရင် လောကကြီးရဲ့ သဘာဝတရားက မူမမှန်မှုတွေဖြစ်လာမယ်ဆိုတာတကယ်ပေါ့...''

​ှေရှးဟောင်းဒဏ္ဍာရီများအရ နောက်ဆုံးအင်ပါယာ အဆင့်ကျင့်ကြံသူကျဆုံးသွားသည်နှင့် တာအိုခေါင်းလောင်းသံများ မြည်ဟီးကာ လောကကြီးတစ်ခုလုံးကို မိုးကြိုးမုန်တိုင်းများသည် သုံးရက်တိုင်တိုင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုအရာနှင့် နှိုင်းယှဥ်လျှင် အနီရောင်မိုးဆိုသည်မှာ ဘာမှမဟုတ်သေးပေ။

မိုးသည်ကြာကြာမရွာသွန်းခဲ့ပေ။နေရောင်ခြည်သည် တိမ်စိုင်မည်းများကို ဖောက်ထွင်းကာ တဖန်တောက်ပလာသည်။

ချူခွမ်းရန်သည် အပျက်အစီးများကြားတွင် လဲလျောင်းလျက်ရှိနေပြီး နေရောင်ခြည်သည် သူ့ကိုရွေရောင်အလင်းတန်းများဖြင့်သန့်စင်ပေးလျက်ရှိနေသည်။လူထုကို သူ၏အော်ရာသည် လွှမ်းမိုးခြိမ်းခြောက်လျက်ရှိနေသေးပြီး မည်သူမျှအနားကိုမကပ်လာရဲကြပေ။

သူတို့သည် စိတ်ရှုပ်ထွေးနေကြသည်။

ချူခွမ်းရန်က တိမ်ဖြူဓားသမားကို ဘယ်လိုလုပ်သတ်နိုင်စွမ်းရှိသွားရတာလဲ။

သူ့ရဲ့ ကျင့်ကြံခြင်းက ဘာလို့အခုအားနည်းနေရတာလဲ။

ထို့အပြင် ယွမ်လင်ရဲ့ရတနာတွေကို သူအမှန်တကယ်ပဲပိုင်ဆိုင်ထားရဲ့လား...။

မေးခွန်းများစွာရှိသော်လည်း အဖြေကအနည်းငယ်သာရှိသည်။ထိုပုစ္ဆာများကိုမဖြေရှင်းရသေးသရွေ့ သူလဲကျနေရင်တောင်မှ မည်သူမှချူခွမ်းရန်ကိုရန်မစရဲကြပေ။

'' လန်ယု အသက်ရှင်ကျန်ရစ်တဲ့သူတွေရှိလားလိုက်ကြည့်လိုက် တကယ်လို့ရှိရင် သနားညာတာမှုမရှိပဲသတ်လိုက် နောက်မှငါ့ကိုအနှောင့်အယှက်ဖြစ်လာမှာမလိုချင်ဘူး...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now