206-210

651 49 1
                                    

အပိုင်း ၂၀၆
မင်းရဲ့ဘိုးဘေးတွေက စောက်ရှက်မဲ့မဲ့သေစမ်း၊ဒါဆို လုပ်လိုက်တော့... ခုပဲဲစစ်ပွဲ ဆင်နွဲကြစို့

မုရုံကလန်တည်ရှိရာ မြို့တော်အတွင်းတွင်၊
ထိုအချိန်၌ လူများစွာတို့သည် လမ်းပေါ်တွင် လမ်းလျှောက်နေကြ၏။ သူတို့အပေါ်၌ ကောင်းကင်ကြီးကို ဖုံးလွှမ်းထားသော အရိပ်ကြီးကို မြင်သောအခါ သူတို့အကုန် အံ့သြသွားကြသည်။

“ ဘာ... ဒါက ဘာကြီးလဲ?”
“ သင်္ဘော... ဒါက သင်္ဘောတစ်စင်း...အရမ်းကို ကြီးတဲ့ သင်္ဘောတစ်စင်း”
“ မင်းဘာကို ဆိုလိုတာလဲ၊ “ သင်္ဘော”? ဒါက ကောင်းကင်မှာ လွင့်မျောနိုင်လို့ ဒါက နတ်သမီးလှေ အမျိုးအစားတစ်ခု ဖြစ်မယ်။ အိုး ကောင်းကင်ဘုံ၊ ဒီလောက်ကြီးတဲ့ အရာတစ်ခုကို မြင်ရတာ ဒါက ငါ့ရဲ့ ပထမဆုံးအကြိမ်ပဲ”
“ ဒါက နတ်သမီးလှေတစ်စင်းလား.. အဲ့ဒါက ‌လေ‌‌ပေါ်နတ်သမီးနန်းတော်တစ်ခုဆိုရင်တောင် ငါယုံကြည်မိမှာပဲ”
“ ဒါ...ဒါက အရမ်းကြီး...”
အရိပ်မဲ့သည် မြို့တော်အပေါ်ရှိ ကောင်းကင်ကြီးထဲရောက်ရှိလာ၏။

ကုန်းပတ်ပေါ်တွင်ရပ်နေသော ချူခွမ်းရန်သည် အောက်ကိုကြည့်ကာ ပြောလိုက်သည်။
“ ဒါက မုရုံကလန်တည်ရှိရာ မြို့တော်ဖြစ်မယ်။ နောက်ဆုံးတော့ ငါတို့ ရောက်လာပြီ”
သာမန်နတ်သမီးလှေတစ်စီး၏ အမြန်နှုန်းကို အခြေခံရင်၊ ၎င်းသည် မြို့တော်ကို ရောက်ရှိရန် နှစ်ရက် သို့မဟုတ် သုံးရက်ပတ်လည် အချိန်ယူရပေမည်။ သို့ရာတွင်၊ အရာအားလုံးသည် အရိပ်မဲ့ကြောင့် ကွဲပြားသွားလေ၏။
အရိပ်မဲ့သည် ကြီးမားသည့်အရွယ်အစားရှိသော်လည်း ၎င်းက ထိပ်တန်းအမြန်နှုန်းကိုလည်း ပိုင်ဆိုင်ထားပေသည်။
၎င်းသည် မုရုံကလန်၏ တည်နေရာသို့ တစ်ရက်နှင့်တစ်ညအတွင်း ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့၏။

“ နောက်တစ်ဆင့်၊ မုရုံကလန်က ဘယ်နားမှာ တည်ရှိလဲဆိုတာ ရှာရမယ်”
ချူခွမ်းရန်သည် သူ့ဝိညာဥ်အတွေးကို နေရာအနှံ့သို့ ဖြန့်ကျက်ရင်း တီးတိုးရေရွတ်လိုက်သည်။

နောက်ဆုံးတွင် သူသည် မုရုံကလန်၏ တည်နေရာအား ခဏလေးအတွင်း ရှာတွေ့ခဲ့လေသည်။ သို့ပေမဲ့၊ ထိုနေရာ၌ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို မြင်လိုက်သည့်အခိုက်တွင် သူ့အမူအရာမှာ လုံးဝ နက်မှောင်ညှိုးနွမ်းသွားလေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now