အပိုင်း ၇၅ မင်းသမီး နှင့် စကားစမြည်ပြောခြင်း

712 55 1
                                    

အပိုင်း ၇၅
မင်းသမီး နှင့် စကားစမြည်ပြောခြင်း ၊ အမျိုးသမီး ကျင့်ကြံသူများ၏ ဝမ်းနည်းပူဆွေးမှု ၊ မင်းမှာ နောက်ထပ် ဘာအစီအစဥ် တွေ ရှိသေးလဲ

“ ငါ့ရဲ့ တိုက်ခိုက်မှု နှစ်ခုကို ခုခံနိုင်တာက မင်းက တကယ့်ကို ကြီးကျယ်တဲ့ အင်ပါယာငယ် တစ်ပါးပဲ “

ချူခွမ်းရန်သည် ကြမ်းပြင်ပေါ်တွင် ဒဏ်ရာများဖြင့် လဲနေသော ရှန်ဟန် ကို ကြည့်ကာ ပြုံးလိုက်သည်။
ဖန်တျန်း နှင့် အခြားသူများ၏ ပါးစပ်ပေါက်များက ထိုစကားကို ကြားသောအခါ ဆွံ့အ သွားကြ၏။

“ အင်ပါယာ ငယ်တစ်ယောက် က နှစ်ချက်ဘဲ ခုခံနိုင်တယ်?”

“ ဒါတောင် မင်းက သူ့ကို ကြီးကျယ်တဲ့ အင်ပါယာငယ် တစ်ပါးလို့ ခေါ်တုန်းလား? စော်ကားတဲ့ မှတ်ချက်တွေနှင့် ပိုပြီး ရှင်းမပြနိုင်ဘူးလား?”
“ သူက မင်းကို ရန်လို နေလို့လား?”
“ သူ့ကို ဒီလိုအရှက်ခွဲဖို့ လိုသေးလို့လား?”

လူတိုင်းက ပွင့်ပွင့်လင်းလင်း မပြော ရဲကြဘဲ သူတို့၏ ရင်ထဲမှာသာ လှောင်ပြောင်နေကြသည်။

အဇူရာ တော်ဝင် ပြည့်ရှင်၏ ဘေးနားတွင်ရှိသော မင်းသမီး လင်းလုံ သည် တောက်ပြောင်သော ဝတ်စုံဖြူဝတ် ချူခွမ်းရန်ကို သူမ၏ တောက်ပသော မျက်လူံးများဖြင့် ကြည့်နေ၏။

ထိုဟာက သူမ အနာဂါတ်မှာ လက်ထပ်မည့် ယောင်္ကျား ဖြစ်ပြီးတော့ သူက အမှန်တကယ်ကို ပြိုင်ဘက်ကင်း စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။

“ ဘယ် မိန်းကလေးကများ ချစ်ဖို့ မစဥ်းစားဖူးလို့လဲ”

“ဘယ် မိန်းကလေးကများ သူ‌ရွေးချယ်ထားတဲ့ လူက သန်မာပြီး အစွမ်းထက်တဲ့ သူရဲကောင်းဖြစ်ဖို့ မမျှော်လင့်လို့လဲ?’’

ဒီ မင်္ဂလာဆောင် သဘောတူညီချက်သည် အကျိုးအမြတ်တစ်ခုပေါ်တွင် အခြေခံထားသော်လည်း အခုအချိန်မှာတော့ မင်းသမီး လင်းလုံ၏ နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ မီးတောက်များ လောင်ကျွမ်းနေတော့သည်။

“ အရည်အချင်းနှင့် ရုပ်ရည်သွင်ပြင်၊ ငါ့ရဲ့ ကောင်းကင်ဘုံ ချူခွမ်းရန်မှာ အကုန်ရှိတယ် “

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora