အပိုင်း ၃၇၄ ကြီးမြတ်သောပညာရှင်ကျန်းကွမ်၏ကိုယ်ပွားကိုသတ်ဖြတ်ခြင်း၊ လာမခြိမ်းခြောက်နဲ့
ချူခွမ်းရန်က ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေသော ရှောင်လင်းတန်ကိုဆီသို့လမ်းလျှောက်သွားလိုက်ကာ ငုံ့ကြည့်လိုက်သည်။
'' ကောင်းကင်ရွှေအင်ပါရီယန်ခန္ဓာကိုယ်က အားနည်းလို့မဟုတ်ဘူး...၊ မင်းကိုယ်တိုင်က အားနည်းလွန်းနေတာပဲ...''
၄င်းသည်အမှန်ပင်ဖြစ်သည်။
ကောင်းကင်ရွေအင်ပါရီယန်ခန္ဓာကိုယ်က ဘယ်လိုအားနည်းမည်နည်း။
ဖရိုဖရဲခန္ဓာကိုယ်ပြီးလျှင် ဒုတိယလိုက်သော ဤထိပ်တန်းခန္ဓာကိုယ်တစ်ခုက ဤမျှအားမနည်းနိုင်ပေ။၄င်းသည် တည်ရှိခဲ့သမျှထဲတွင်အားအကောင်း ဆုံး ခန္ဓာကိုယ်တစ်ခုပင်ဖြစ်လေသည်။
ရှေးခေတ်က အင်ပါယာအများစုသည်ပင် ထိုကဲ့သို့သောခန္ဓာကိုယ်မျိုးမရှိခဲ့ကြပေ။
သို့သော် တာအိုခန္ဓာကိုယ်တစ်ခုက လူတစ်ယောက်၏ခွန်အားကိုဆုံးဖြတ်ပေးနိုင်သလောဟုမေးလျှင် လုံးဝအတိအကျတော့မဟုတ်ချေ။
ထိပ်တန်းတာအိုခန္ဓာသုံးခုပိုင်ဆိုင်ထားသောချူခွမ်းရန်က ရှောင်လင်းတန်ကို အနိုင်ယူနိုင်ခြင်းမှာ သူ၏နတ်အခြေခံများကြောင့်သာဖြစ်သည်။
ချူခွမ်းရန်သည် ထိပ်တန်းအခြေခြောက်ခု၊ အင်မော်တယ်ခန္ဓာကိုယ်နှင့်၊ စကြာဝဠာဆေးပေါင်းဖို ခန္ဓာကိုယ်တို့ကိုပိုင်ဆိုင်ထား၏။သူ၏ ခန္ဓာကိုယ်သုံးခုက ကောင်းကင်ရွှေအင်ပါရီယန်ခန္ဓာကိုယ်ထက်အားနည်းသော်လည်း တိုက်ပွဲကိုအလွယ်တကူ အနိုင်ရခဲ့၏။
'' ငါက အားနည်းတာလား...၊ ငါကအားနည်းလွန်းတာလား...''
ရှောင်လင်းတန်က ရေရွတ်လိုက်သည်။သူက ထိုအချက်ကိုနားလည်ရန် ခက်ခဲနေသည်။
ကောင်းကင်ရွှေအင်ပါရီယန်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသော အင်ပါရီယန်လျှောက်လှမ်းသူ တစ်ယောက်အဖို့ သူကအဘယ်ကြောင့် အားနည်းမည်နည်း...။
ဤသို့ဆိုလျှင် သူကအားမနည်းလျှင် ချူခွမ်းရန်က သူ့ကိုတစ်ကွက်တည်းဖြင့် အဘယ်ကြောင့် အနိုင်ယူနိုင်ခဲ့သနည်း။
ESTÁS LEYENDO
Acciónအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...