116-120

700 53 4
                                    

အပိုင်း ၁၁၆ ထူးကဲစျာန်၊ လန်ယုချိုးဖျက်ခြင်း၊ သူကအမြဲစွမ်းအားကြီးနေမှာပဲ

ကောင်းကင်မျှော်စင်နန်းတော်...

လန်ယုသည် မူလအင်ပါယာအနှစ်သာရကို စုပ်ယူလျက်ရှိနေပြီး ချူခွမ်းရန်က သူမကိုစောင့်ကြည့်လျက်ရှိသည်။သူက လျိုပင်း၏ ကျင့်ကြံခြင်းအဆင့် မည်မျှရောက်နေပြီကိုလည်း သိချင်နေ၏။

လျိုပင်းသည် အပြင်စည်းတပည့်သာ ဖြစ်သော်လည်း သူမသည် သာလွန်သော ပါရမီကိုပိုင်ဆိုင်ထား၏။ ထို့ကြောင့်ကောင်းကင်နက်ဂိုဏ်းကသူမကိုလက်ခံထားသည်မှာ အံ့ဩစရာတော့မဟုတ်ချေ။

ကောင်းကင်မျှော်စင်နန်းတော်တွင် နှစ်အတော်ကြာအောင်နည်းစနစ်များကို လေ့လာခဲ့ပြီး အရင်းအမြစ်များကိုသုံးစွဲခဲ့ပြီးနောက် လျိုပင်းသည် ကြီးမားစွာတိုးတက်ခဲ့သည်။ သူမသည် ယခုနိဗာနအဆင့်သို့ တလက်မချင်းစီ နီးကပ်လာပြီဖြစ်၏။

ထိုအချိန်တွင် မည်သည့် ကျင့်ကြံခြင်းနယ်မြေ ကမဆို သူမကိုတာအိုဆရာသခင်အဖြစ် လက်ခံကြမည်ဖြစ်သည်။

'' ဟင်း...မင်းရဲ့ရေတံခွန်ဓားပညာရပ်က တိုးတက်လာပါတယ်၊ ဒါပေမဲ့ အရှိန်အဟုန် နည်းနည်းလိုအပ်နေသေးတယ်...သေချာ ကြည့်ပြီး...သင်ယူ...''

ချူခွမ်းရန်ကသူ၏ တာအိုစည်းချက်များကို ထုတ်လွှတ်လိုက်ပြီး လေထုထဲတွင် ငွေဖြူရောင်ရေတံခွန်တစ်ခုကို ဖန်တီးလိုက်၏။

ဓားတာအိုစည်းချက်များသည် လေ ထဲတွင်ဖွဲ့နှောင်လာပြီး စွမ်းအားကြီးသော ဖြစ်ရပ်တစ်ခုကို ဖန်တီးလိုက်သည်။

လျိုပင်းက၄င်းကိုဘေးမှကြည့်နေပြီး အံ့ဩနေသည်။

'' ဒါက အံ့ဩစရာပဲ...''

သူမက အကြီးအကဲများစွာ ထိုရေတံခွန်ဓားပညာရပ်ကို ထုတ်ဖော်ပြသသည်ကို မြင်ဖူးသော်လည်း မည်သူကမှ ချူခွမ်းရန်ကဲ့သို့ မကျွမ်းကျင်ကြချေ။

ညင်သာသော ရေစီးကြောင်းကဲ့သို့ ထိုဓားပညာရပ်သည် သူ၏ပင်ကိုစရိုက်ကဲ့သို့ပင် ဖြစ်သည်။

ချူခွမ်းရန်၏လမ်းညွန်မှုအောက်တွင် လျိုပင်းသည် သိသိသာသာတိုးတက်လာခဲ့၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now