အပိုင်း ၃၃၀ အကြေးခွံမျိုးနွယ်ရဲ့ သခင်ငယ် ပိုင်မင်စန့်

519 47 0
                                    

အပိုင်း ၃၃၀ အကြေးခွံမျိုးနွယ်ရဲ့ သခင်ငယ် ပိုင်မင်စန့်၊ ငါတို့ တိုက်မလား မတိုက်ဘူးလား

မဟာဟင်းလင်းပြင်တေးသွားသည် ပညာရှင်အမူးသမား၏ တာအိုစည်းချက်ကို ချက်ချင်း ပြိုကွဲသွားစေ၏။ လူတိုင်းက တုန်လှုပ်နေတုန်းမှာပင် ချူခွမ်းရန်သည် သူ့ပြိုင်ဘက်ဆီသွားပြီး သူ့ခါးမှ ဓားရှည်ထုတ်ကာ မဟာပညာရှင်ကို ခေါင်းဖြတ်လိုက်လေသည်။

ပင်လယ်ပြင်ပညာရှင်များသည် ဖြစ်ပျက်သမျှကြောင့် ထိတ်လန့်နေကြ၏။

" ဒါက မဟာပညာရှင်လေကွာ၊ ဒါကို သူကြိုက်သလို သတ်နေတာတဲ့လား"
" သူ့စွမ်းအားအဆင့်က ကြောက်စရာကောင်းလွန်းတယ်"

ချူခွမ်းရန်သည် တစ်ဖက်တွင် ဓားရှည်၊ နောက်တစ်ဖက်တွင် ကုချင်းတစ်လက်ကို ကိုင်ရင်း ရပ်နေ၏။ သူက သာမန်အတိုင်း ပြောသည်။

" အခု၊ ငါ့ရတနာတွေကို ဘယ်သူလိုချင်သေးလဲ"

သူက ယဥ်ယဥ်ကျေးကျေးပင် မေးလိုက်သေးသည်။
သို့ရာတွင်၊ မည်သူမှ စကားတစ်ခွန်း မပြောရဲချေ။

သူတို့ တစ်ယောက်စီတိုင်းသည် ချူခွမ်းရန်အား အသူရာနတ်ဆိုးတဖွယ် စိုက်ကြည့်နေကြသည်။

" သူက မဟာပညာရှင်ကိုတောင် သတ်နိုင်တယ်ဆိုတော့ ဒီနေရာမှ ဘယ်သူကများ သူ့ပြိုင်ဘက်ဖြစ်အုံးမှာလဲ။ သူ့ကို အတူတူ ပေါင်းတိုက်ရမှာလား"

" နောက်နေတာ ရပ်စမ်းပါ၊ ကျုပ်တို့ ချူခွမ်းရန်ကို သတ်နိုင်ပါ့မလား ဆိုတာ အခြားကိစ္စပဲ၊ ဒါပေမယ့် အသေအကြေများမှာ သေချာတယ်။ ဒါ့အပြင်၊ ဒီမှာ ကုန်းမြေလေးခုမှ ပညာရှင်တွေလည်း ရှိသေးတယ်"

ထိုအချိန်တွင်၊ ပင်လယ်ပြင်ပညာရှင်များအနေဖြင့် ဘာမှ မလုပ်ရဲတော့ပေ။

" အို့၊ ဒါဆို ရတနာတွေက ငါ့အပိုင် ဖြစ်သွားပြီပေါ့"

ချူခွမ်းရန်က ရယ်ရင်း သူ့လက်ကို မြှောက်ကာ ကြောက်မက်ဖွယ် စုပ်ယူခြင်းစွမ်းအင်လှိုင်းတစ်ခု ထုတ်လွတ်ပြီး ပညာရှင်အမူးသမား၏ အလောင်းအား ဝါးမြိုခြင်းဒိုင်မေးရှင်းအတွင်းသို့ သန့်စင်ရန် စုပ်ယူလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now