အပိုင်း ၄၇ ​ရှေးဟောင်းကျင့်ကြံခြင်းနယ်မြေကြားမှရန်ငြိုးဟောင်း

707 61 1
                                    

အပိုင်း ၄၇ ​ရှေးဟောင်းကျင့်ကြံခြင်းနယ်မြေကြားမှရန်ငြိုးဟောင်း၊ ဖန်တျန်းစိန်ခေါ်ခြင်း၊ မင်းကအရည်အချင်းပြည့်မှီရဲ့လား

တော်ဝင်အဇူရာမင်းဆက်၏ မြို့တော်...

တခြားသောရှေးဟောင်းကျင့်ကြံခြင်းနယ်မြေများနှင့်မတူပဲ တော်ဝင်အဇူရာမင်းဆက်သည် နိုင်ငံသဘောမျိုးဖြစ်သည်။၄င်း၏ နယ်မြေများမှာအလွန်ကျယ်ပြောလှပြီး တိမ်ဖြူမြို့တော်ထက် ပိုမို၍ခေတ်မီဆန်းပြားသည်။

လမ်းမကြီးပေါ်တွင် ကျင့်ကြံခြင်းပစ္စည်းအရောင်းဆိုင်များစွာကိုတွေ့ရပြီး လူစုလူဝေးတို့ဖြင့်ပြွတ်သိပ်နေသည်။တစ်ခါတစ်ရံ နိဗာနအဆင့်ကျင့်ကြံသူများ ကိုတွေ့ရတတ်သည်။

'' ဝိုး...ဒီမြို့တော်က တကယ်ကိုခေတ်မီဆန်းပြားတာပဲ...''

ချူခွမ်းရန်ကပြောလိုက်သည်။

'' ငါသိပြီ...ဒါမှမဟုတ်ရင်လူတွေကဘာလို့ညွန်းဆိုနေကြအုံးမှာလဲ..ဟုတ်တယ်မလား..''

Booom!

ထိုစဥ်လမ်းအဆုံးတစ်ဖက်မှ ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရပြီး လူတိုင်း၏အာရုံကိုဆွဲဆောင်သွားသည်။

'' တစ်ယောက်ယောက်တိုက်ခိုက်နေကြတယ်...လာမြန်မြန်သွားကြည့်ရအောင်...''

'' နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပြပွဲတစ်ခုကိုတွေ့ရတော့မယ်ထင်တယ်...''

'' လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ဒီမြို့တော်မှာ တစ်ကမ္ဘာလုံးကကောင်းကင်သားတော်တွေ ခြေချင်းလိမ်နေကြတာလေ၊ ဆိုရိုးစကားတစ်ခုရှိတယ်မလား'ဂူတစ်ဂူမှာ ကျားနှစ်ကောင်မအောင်းနိုင်ဘူး' ဆိုတဲ့အတိုင်းပဲလေ၊ သူတို့အားလုံးဒီကိုရောက်နေမှတော့ သေချာပေါက်ကို တစ်ခုခုတော့ဖြစ်လာမှာပဲ...''

လူများစွာသည် လမ်း၏အဆုံးတစ်ဖက်တွင်စုဝေးနေကြသည်။

လီချင်းချန်က ချူခွမ်းရန်ကိုဆွဲခေါ်သွားသည်။

မြင့်မားသော အဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်တွင် လူငယ်နှစ်ဦးသည် အချင်းချင်းမျက်နှာချင်းဆိုင်ကာ ရပ်နေကြသည်။ပြင်းထန်သော တိုက်ပွဲဖြစ်ခဲ့သည်မှာ ထင်ရှားနေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Tempat cerita menjadi hidup. Temukan sekarang