အပိုင်း ၃၆၈ အင်ပါရီယန်လျှောက်လှမ်းသူများ ပေါ်ထွန်းလာခြင်း၊ ငါကလွဲပြီး ဘယ်သူလဲ

462 53 0
                                    

အပိုင်း ၃၆၈  အင်ပါရီယန်လျှောက်လှမ်းသူများ ပေါ်ထွန်းလာခြင်း၊ ငါကလွဲပြီး ဘယ်သူလဲ

“ စာအုပ်တွေကို မီးရှို့ပြီး အင်ပါယာတွေကို ဖုံးကွယ်ထားတာ...”

   ချူခွမ်းရန်က ၎င်းကို နောက်တစ်ကြိမ် ‌ရေရွတ်လိုက်သည်။ သူ့မျက်နှာတွင်လည်း လှောင်ပြောင်သရော်သော အကြည့်တစ်ခု ရှိနေ၏။

   “ လျှို့ဝှက်ကုန်းမြေတွေလား... သူတို့ရဲ့ နာမည်တွေကို အရှက်မရှိကုန်းမြေများ ဆိုပြီး ပြောင်းသင့်တယ်လို့ ငါထင်တယ်”

အင်ပါယာတစ်ပါးသည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်ဖြစ်၏။ အင်ပါယာတစ်ပါး ဖွားမြင်မှုတိုင်းက အဆုံးအစမဲ့ ဂုဏ်ကျက်သရေနှင့် ထွန်းပြောင်၏။ အင်ပါယာများ၏ အောင်မြင်မှုများကို မျိုးဆက်တစ်ခုပြီး တစ်ခုပြသခြင်းဖြင့် လူငယ်မျိုးဆက်တို့၏ ကျင့်ကြံခြင်းကို မှန်ကန်စေချင်သည်။

သို့တိုင်၊ အချို့သော ကောလဟာလများနှင့် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကြောင့် ဤလျှို့ဝှက်ကုန်းမြေများသည် ကမ္ဘာပေါ်မှ အင်ပါယာများ၏ ဂုဏ်ကျက်သရေနှင့် အောင်မြင်မှုများကို ထိန်းသိမ်းထားရာ ရလာဒ်အနေဖြင့် အခုခေတ်ကျင့်ကြံသူများ၏ လမ်းစဥ်ကို ဆုံးရှုံးသွားစေ၏။ သူတို့သည် အင်ပါယာတစ်ပါးဖြစ်လာရန် ကျင့်ကြံရမည်သာ သိပြီး အဘယ်ကြောင့် ဆိုတာ သူတို့ မသိကြပေ။

ဤလျှို့ဝှက်ကုန်းမြေများသည် အတိအကျမသိရသော ကောလဟာလများပေါ် အခြေခံ၍ ထိုကဲ့သို့ စက်ဆုပ်ဖွယ်လုပ်များကို ပြုလုပ်ခဲ့သည်။ သူတို့သည် အင်ပါယာများ၏ ဂုဏ်ကျက်သရေနှင့် အောင်မြင်မှုများကို ကမ္ဘာပေါ်မှ ချိပ်ပိတ်ထားပြီး ယခုခေတ်ကျင့်ကြံသူများ၏ လမ်းကြောင်းကို သွယ်ဖယ်စေ၏။ အဘယ်ကြောင့် အင်ပါယာတစ်ပါးဖြစ်လာရန် သူတို့ ကျင့်ကြံနေရသည်နည်း။

မဟာလမ်းစဥ်ခေတ်အဆုံးတွင် မည်သူမှ အင်ပါယာတစ်ပါး ဖြစ်မလာနိုင်ဘူးဟူသော စကားကို တစ်‌ယောက်မှ မချိုးဖြတ်နိုင်ဖြစ်တော့ပေ။

လျှို့ဝှက်ကုန်းမြေများ၏ စာအုပ်များကို မီးရှို့ခြင်းနှင့် အင်ပါယာများကို ဖုံးကွယ်ခြင်းက ယခုခေတ်ကျင့်ကြံသူများအား ရေတွင်းအောက်မှ ဖားသူငယ်တစ်ဖွယ် အမြင်ကျဥ်းအောင် အကျဥ်းချထားခဲ့သည်။ သူတို့သည် အတိတ်မှ အင်ပါယာများ၏ ဂုဏ်ကျက်သရေ၊ ထိုအင်ပါယာများ၏ စွမ်းဆောင်ရည် သို့မဟုတ် သူတို့ကိုယ်တိုင် အင်ပါယာတစ်ပါးဖြစ်လာပုံ... တို့အား မသိကြတော့ပေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now