အခန်း ၁၂ စီးချင်းထိုးပွဲ၊ လန်ယုပထမဆုံးအကြိမ်စွမ်းအားပြသခြင်း

1K 95 0
                                    

အခန်း ၁၂ စီးချင်းထိုးပွဲ၊ လန်ယုပထမဆုံးအကြိမ်စွမ်းအားပြသခြင်း

ကောင်းကင်နန်းတော်သည် အလွန်ကျယ်ဝန်း၏။
အဓိကခန်းမနှင့် ဧည့်ဆောင်များအပါအဝင် တိုက်ခိုက်ရေးကွင်းတစ်ခုပါပါရှိသည်။ထိုအချိန် တိုက်ခိုက်ရေးကွင်း၌...
ချူခွမ်းရန်နှင့်ကျောက်ဟန်တို့သည် တစ်ယောက်နှင့်တစ်ယောက်ဆယ်ပေအကွားတွင်ရပ်နေကြသည်။
'' စီနီယာအစ်ကို တိုက်ကွက်လာပြီ...''
ကျောက်ဟန်က လက်သီးဆုပ်ကာအရိုအ​​ေသ ပြုလိုက်၏။တောက်ပသောအလင်းရောင်တစ်ချက်သည် သူ၏လက်ထံမှလင်းလက်လာပြီး သုံးပေခန့်ရှိသော စိမ်းပြာရောင် ဓားတစ်ချောင်းသူ၏လက် မှထွက်ပေါ်လာသည်။
ထိုသာမန်ထက်ထူးကဲသော ဓားသည် အလင်းရောင်တို့ဖြင့်တောက်ပနေ၏။၄င်းသည် ထိပ်တန်းလက်နက်တစ်ခုပင်ဖြစ်သည်။
မြင့်မြတ်ဓားများကဲ့သို့ မကောင်းမွန်သော်လည်း ရှားပါးသောရတနာပင်ဖြစ်သည်။အပြင်ဘက်ကမ္ဘာတွင် များစွာသောလူတို့သည် မြင့်မြတ်လက်နက်အပိုင်းအစတစ်ခုအတွက်ပင်​ညေ်အထိတိုက်ခိုက်ကြမည်ဖြစ်သည်။
'' ဒီဓားကို အဇူရာလခြမ်းလို့ခေါ်တယ်...ထိပ်တန်းလက်နက်တစ်ခုပဲ''
ကျောက်ဟန်ကဂုဏ်ယူစွာဆိုသည်။၄င်းသည် ထိပ်တန်းလက်နက်ဟုခေါ်ဆိုထိုက်သောအရာဖြစ်သည်။ကောင်းကင်နက်ဂိုဏ်း၏သမိုင်းကြောင်းတွင်ပင်ကားဤအဇူရာလ​​ခြမ်းသည်ထင်ရှား၏။
'' ကောင်းတယ်..ဓားကောင်းတစ်လက်ပဲ''
ချူခွမ်းရန်ခေါင်းတစ်ချက်ညိတ်လိုက်သည်။ထို့နောက် သူ့လက် မှအဖြူရောင်အလင်းတောက်ပသွားပြီး ကောင်းကင်သက်ဆင်းပေါ်လာသည်။
'' ဒီဓားကို ကောင်းကင်သက်ဆင်းလို့ခေါ်တယ်..''
အဇူရာအလင်းတန်းကဲ့သို့စီးဆင်းနေသော မြင့်မြတ်လက်နက်၏ဓားအရှိန်အဝါကိုမြင်သည်နှင့် ကျောက်ဟန် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏မျက်နှာပေါ်မှမောက် မာမှုသည် ချက်ချင်းပျောက်ကွယ်သွားသည်။
ထိပ်တန်းလက်နက်ဟုတ်လား...။
သူ၏မြင့်မြတ်လက်နက်နှင့်နှိုင်းယှဥ်လျှင် ၄င်းမှာဘာမှမဟုတ်ပေ။
'' ငါတို့စကြတော့မလား...''
ကျောက်ဟန်ကအသက်ပြင်းပြင်းရှူလိုက်သည်။သူ၏ဝိဉာဏ်ချီတို့သည် လက်ထုရှိ အဇူရာလခြမ်းထဲသို့ တိုးဝင်သွားပြီး ဓားချီစီးကြောင်းများထွက်ပေါ်လာသည်။
ချူခွမ်းရန်ကမြင့်မြတ်ဓားကိုလွှဲယမ်းလိုက်ပြီး ထိုဓားချီအားတွေ့သည်နှင့် ၄င်းသည် ဟက်တက်ကွဲထွက်သွားသည်။
သူ၏ကျင့်ကြံခြင်းအဆင့်မှာရွှေအမြူတေအဆင့်တွင်သာရှိ၏။သို့သော် ဝင်ပေါက်ကိုးခုဓားနှလုံးသားနှင့် သူ၏ဝိဉာဏ်ချီသန့်စင်မှုကြောင့် သူ၏တိုက်ပွဲဝင်စွမ်းရည်မှာ စဦးစိတ်ဝိဉာဏ်အဆင့်အောက် မလျော့ကျပေ။
ကျောက်ဟန်သည် စဦးစိတ်ဝိဉာဏ်အဆင့်သို့ရောက်ရှိနေသည်မှာကြာပြီဖြစ်သည်။သို့သော် တိုက်ပွဲအတွင်း၌သူသည် ချူခွမ်းရန်ထံမှဖိအားကိုခံစားနေရသည်။
သူတို့သည် အချင်းချင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းမရှိပဲ အခွင့်အရေးကိုချောင်းမြောင်းနေကြသည်။ချူခွမ်းရန်သည် သူ၏တာအိုခန္ဓာအား အသုံးမချရသေးပေ။
နာရီဝက်ခန့်ကြာသောအခါ ကျောက်ဟန်ကရပ်တန့်လိုက်ပြီး ဆိုသည်။
'' စီနီယာအစ်ကို... ရဲ့ကျင့်ကြံဆင့်က ရွှေအမြူတေမှာပဲရှိပေမဲ့ တိုက်ပွဲဝင်စွမ်းရည်က တကယ်ကိုအံ့ဩစရာပဲ...လေးစားမိပါတယ်''
''ဂျူနီယာညီလေး ကျောက်ရဲ့စွမ်းအားကလည်းတကယ်ကြီးမားတာပဲ..''
'' ဒါက စီနိယာအစ်ကိုနဲ့ ယှဥ်ရင် ဘာမှမဟုတ်ပါဘူး...''
နှစ်ယောက်သားအချင်းချင်းချီးကျူးလိုက်ကြသည်။
'' တိုက်ပွဲကိုကြည့်ပြီးတော့ ငါ့လက်နည်းနည်းယားလာသလိုပဲ...''
ကျန်းရီရယ်မောကာ လမ်းလျှောက်လာသည်။
'' ဒါဆိုမင်းဘာလို့ စီနီယာအစ်ကိုကြီးနဲ့ လက်ရည်မစမ်းရတာလဲ..''
ကျောက်ဟန်မေးလိုက်သည်။
ကျန်းရီကသူမ၏ခေါင်းကိုခါလိုက်သည်။
''ငါသူ့ရဲ့ စွမ်းအားကိုမြင်ဖူးပြီးသွားပြီ ငါဒုက္ခမရောက်ချင်သေးဘူး...''
သူမက လန်ယုကိုပြုံးကာကြည့်လိုက်၏။
'' ငါလန်ယုရဲ့ အစွမ်းကိုပိုပြီးသိချင်တယ် ငါတို့တိုက်တွက်နည်းနည်းဖလှယ်ရင်ဘယ်လိုလဲ..''
တခြားသောတာအိုဆရာသခင်တို့သည် ချူခွမ်းရန်၏နောက်တွင်ရပ်နေသော မိန်းမပျိုလေး၏အစွမ်းကိုသိချင်ကြဟန်ဖြင့်မျက်လုံးများတောက်ပသွားကြ၏။
လန်ယု ချူခွမ်းရန်အားခွင့်တောင်းသည့်အနေဖြင့်ကြည့်လိုက်သည်။
'' မင်းသဘောအတိုင်းပဲ...'' ချူခွမ်းရန်ဆိုသည်။
'' ဟုတ်ကဲ့''
လန်ယုခေါင်းကိုညင်သာစွာညိတ်ကာကျန်းရီအားကြည့်လိုက်၏။
'' စကြတော့မလား...''
'' ကျေးဇူးပြုပြီး..''
မိန်းကလေးနှစ်ဦးတိုက်ပွဲကွင်းပြင်အလည်သို့ဖြေးညင်းစွာလမ်းလျှောက်လာကြသည်။
ကျန်းရီသည် ေကာင်းကင်နက်ဂိုဏ်း၏ကျင့်ကြံခြင်းအမြန်ဆုံးသူများထဲတွင်ပါဝင်သည်။သူမသည် နူးညံ့သောရေ တာအိုခန္ဓာအားပိုင်ဆိုင်ပြီး ကျင့်​ကြံဆင့်မှာ စဦးဝိဉာဏ်ပြီးပြည့်စုံခြင်းတွင်ရှိ၏။
သူမ၏စွမ်းရည်သည်ကျောက်ဟန်ထက်မကျော်လွန်သော်လည်း တန်းတူတွင်ရှိ၏။
အပြာရောင်အလင်းတန်းတချို့တောက်ပသွားပြီး အဇူရာအပြာရောင်တောက်ပနေသောဓားရှည်တစ်ချောင်းသည် ကျန်းရီ၏ရှေ့တွင်ပေါ်ထွက်လာခဲ့သည်။ဓားဆီမှ နှစ်လိုဖွယ်ကောင်းသော အော်ရာတို့ ထွက်ပေါ်လာပြီး ၄င်းသည် အနည်းဆုံးထိပ်တန်းအဆင့်လက်နက်ဖြစ်သည်။
လန်ယုသည်လည်း အဖြူရောင်အလင်းတို့ဖြင့်ဖုံးအုပ်သွားပြီး သူမ၏ဝတ်စုံမှာပျောက်ကွယ်သွားကာ ထိုနေရာတွင် အဖြူရောင်ချပ်ဝပ်တစ်စုံ ပေါ်ထွက်လာသည်။
'' ဘယ်လောက်တောင် ကောင်းတဲ့ချပ်ဝပ်လဲ...''
'' ကြည့်ရတာ အဲ့တာက အနည်းဆုံး ထိပ်တန်းအဆင့်မှာရှိတယ် ၊ ဒီလိုထိပ်တန်းအဆင့်ချပ်ဝပ်အစုံလိုက်က တကယ့်ကိုရှားပါတယ် ကြည့်ရတာမိန်းကလေးလန်ရဲ့နောက်ခံကလည်းသာမန်မဟုတ်ဘူးထင်တယ်...''
တာအိုဆရာသခင်တို့၏မျက်နှာသည် အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသည်။
'' ဘယ်လောက်တောင် လှပတဲ့ချပ်ဝတ်လဲ...''
ကျန်းရီ၏မျက်လုံးတွင် မနာလိုသည့်အရိပ်အရောင်များတွေ့ရသည်။
လန်ယု၏မူလအသွင်ပြင်မှာ အေးစက်ပြီးမြင့်မြတ်သည် သို့သော် ယခု အဖြူရောင်ချပ်ဝတ်နှင့်သူမသည် သူရဲကောင်းပီသ​ေသာစစ်နတ်ဘုရားမတစ်ပါးကဲ့သို့ပင်ဖြစ်သည်။
တခဏမျှငေးမောနေပြီး ကျန်းရီသည် စတင်လှုပ်ရှားလိုက်သည်။သူမထံမှ ဝိဉာဏ်ချီများထွက်ပေါ်လာပြီး အပြာရောင်ဓားထဲသို့စီးဝင်သွားသည်။
ရေလှိုင်းသံတို့သည် ပတ်ဝန်းကျင်တစ်ခုလုံးကိုပဲ့တင်ထပ်နေသည်။
အဇူရာတောက်ပနေသောအပြာရောင်ဓားရှည်ထံမှ ဓားချီတို့သည် ရေစီးကြောင်းများပမာ လန်ယုထံသို့ပြေးဝင်သွားသည်။
လန်ယုသည်ရပ်မြဲရပ်နေပြီး ဓားချီအားသူမ ကိုဝင်ဆောင့်​ေစလိုက်၏။သို့သော် ဓားချီစီးကြောင်းများမှာ ပျက်စီးသွားပြီး လန်ယုသည်လည်း ရပ်မြဲရပ်နေသည်။ဓားချီသည် သူမ၏ချပ်ဝပ်အား သက်ရောက်မှုမရှိပေ။
'' နောက်တစ်ခေါက်''
ကျန်းရီနောက်တစ်လှမ်းဆုတ်လိုက်ကာ ဝိဉာဏ်ချီများကို ဓားထံသို့ဆက်လက်စီးဝင်စေလိုက်သည်။မှော်ဆန်သောဓားအော်ရာများသည် ဒီရေအလားမြင့်တက်လာပြီး အပြာရောင် ရောင်ခြည်တန်းတို့သည် ဓားထဲမှပြင်းထန်စွာထွက်ပေါ်လာ၏။
'' အို...မဆိုးပါဘူး''
လန်ယုဖြေးညင်းစွာပြုံးလိုက်သည်။တိုက်ခိုက်မှုအားခုခံရန်ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး လက်သီးဖြင့်တစ်ချက်ထိုးလိုက်သည်။
အချင်းချင်း ပြင်းထန်စွာထိတွေ့သွားပြီ ကျယ်လောင်သောအက်ကွဲသံတစ်ခု ၄င်းမှထွက်ပေါ်လာသည်။ထို့နောက်အဖြူရောင်အလင်းတန်းများ ဖုံးလွှမ်းထားသည့် ​မှော်ဆန်သောအရှိန်အဝါတို့သည် လန်ယု၏လက်သီးမှထွက်ပေါ်လာပြီး ဓားချီသည် လုံးဝပြန့်ကွဲထွက်သွားလေသည်။
ကျန်းရီ ေနာက်သို့​ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။သူမအံ့ဩသွားပြီးရေရွတ်လိုက်သည်
'' စဦးဝိဉာဏ် အဆင့်''
လန်ယု၏ ပုံစံနှင့် သူမ၏ကျင့်ကြံဆင့်တို့သည် လူတိုင်းအား အံ့အားသင့်စေ၏။၄င်းသည် စဦးဝိဉာဏ်အစောပိုင်းအဆင့်ဖြစ်သည်။
လန်ယုသည် စဦးဝိဉာဏ်အစောပိုင်အဆင့်သာရှိသော်လည်း သူမထုတ်ဖော်လိုက်သည့် စွမ်းအားမှာ စဦးဝိဉာဏ် အလယ်ဆင့်နှင့် ​နှောင်းပိုင်းအဆင့်တို့ထက်ပင်ကျော်လွန်နေသည်။သို့သော်ငြား လန်ယုသည် အားသိပ်စိုက်ထုတ်လိုက်ရပုံမပေါ်ပေ။
'' လန်ယုရဲ့စွမ်းရည် ကတကယ်အထင်ကြီးစရာပဲ''
ချူခွမ်းရန်၏ မျက်လုံးတွင်အလင်းရောင်တစ်ချို့လက်သွားသည်။တခြားသူများမသိသော်လည်း လန်ယုထံတွင် မဟာတာအိုခန္ဓာဖြစ်သော သန့်စင်အလင်း ခန္ဓာရှိကြောင်းသူသိသည်။
ထို့အပြင်သူမသည် သူတော်စင်အဆင့်ကျင့်စဥ်များနှင့် မဟာကျင့်စဥ်များကိုလည်းကျင့်ကြံထားသေးသည်။ထို့ကြောင့်သူမ၏တိုက်ပွဲဝင်စွမ်းရည်သည် စဦးဝိဉာဏ်အဆင့်၌ရှိသော မည်သူ့ထက် မဆိုကျော်လွန်သည်။တချို့စွမ်းအားကြီးသောစဦးစိတ်ဝိဉာဏ်အဆင့်ကျင့်ကြံသူများပင် သူမအားခက်ခက်ခဲခဲယှဥ်ပြိုင်ရမည်ဖြစ်သည်။
'' မိန်းကလေး လန်ရဲ့ နည်းလမ်းတွေက တကယ်ကိုပြင်းထန်တာပဲ..''
ကျန်းရီ အသက်ပြင်းပြင်းရှူလိုက်သည်။ထို့နောက်သူမ၏ဝိဉာဏ်စွမ်းအားကိုအသုံးပြုကာ ကျင့်စဥ်ကိုအသက်သွင်းလိုက်သည်။ဆန်းကြယ်သောအော်ရာသည် သူမနှင့် ဓားကိုလွှမ်းခြုံသွားပြီး ယန်ဇီ မြစ်၏ပုံရိပ်သည်လေထဲတွင် ထွက်ပေါ်လာသည်။ရေစီးသံသည် အဆက်မပြတ်ထွက်ပေါ်လာ၏။
'' ဖျက်စီးခြင်း ရေသုံးထောင် ''
ကျန်းရီအော်ဟစ်လိုက်သည်။
ရုတ်တရက်ယန်ဇီမြစ်သည် ဧရာမအင်အားဖြင့် လန်ယုထံသို့တိုးဝင်လာသည်။
ဤတိုက်ကွက်သည် ကျန်းရီက သူမ၏ပြီးပြည့်စုံသောစဦးဝိဉာဏ်အဆင့်၏ စွမ်းအားကိုအပြည့်အဝအသုံးချကာထိုးစစ်ဆင်လိုက်ခြင်းဖြစ်သည်။
လန်ယုနောက်မဆုပ်ပေ။
'' ကောင်းပြီ...''
သူမ၏မျက်လုံးတွင် ငွေဖြူအလင်းတစ်ချက်တောက်ပသွားပြီးမြင့်မြင့် သန့်စင်သည့် အရှိန်အဝါတို့သည် ကောင်းကင်မှဆင်းသက်လာသောနတ်ဘုရားမကဲ့သို့သူမထံမှထွက်ပေါ်လာသည်။
'' သန့်စင်သော အလင်းလက်သီး ''
လန်ယုသည် ​ရှေ့သိုလက်သီးတစ်ချက်ပစ်သွင်းလိုက်ပြန်သည်။အဖြူရောင်လက်သီးအလင်းသည် စီးဆင်းနေသောယန်ဇီမြစ်ထံသို့ပြေးဝင်သွား၏။
အားနှစ်ခုသည် ထိတွေ့သွားပြီး လေထုသည် တစ်စစီဆွဲဖြဲခံလိုက်ရသည်။ထိပ်တိက်တွေ့ဆုံမှုမှထွက်ပေါ်လာသောအားသည် အလွန်ပြင်းထန်သဖြင့် မုရုံချန်း၊ ကျောက်ဟန်နှင့် တခြားကြည့်ရှု့နေသူများပင် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရသည်။
လျိုပင်းသည်လည်း  အော်ဟစ်လိုက်ရပြီး အဝေးသို့လွင့်စဥ်သွားသည်။
ထိုအချိန်တွင် ချူခွမ်းရန်သည် သူမအားဖမ်းယူလိုက်ပြီး သူ့နောက်သို့ပို့လိုက်ကာ အားလှိုင်းတို့အား ကာကွယ်ရန် ဝိဉာဏ်စွမ်အားနံရံတစ်ခုဖန်တီးလိုက်သည်။
လျိုပင်းသည် ချူခွမ်းရန်၏နောက်ကျောတွင်ရပ်နေရင်းသူမ၏နှလုံးသားမှနွေးထွေးမှု့ကိုခံစားလိုက်ရသည်။သူမပုန်းကွယ်နေသော ကျောပြင်သည် အထင်ကြီးစရာမကောင်းသော်လည်း ပထမဆုံးအနေဖြင့်လုံခြုံမှု့ကိုသူမခံစားရသည်။
ဤအချိန်တွင် လျိုပင်းသည် ချူခွမ်းရန်အားလုံးဝဦးညွတ်လိုက်ပြီဖြစ်သည်။
လန်ယုနှင့် ကျန်းရီတို့သည် ဆက်လက်ယှဥ်ပြိုင်နေကြသည်။သူတို့သည် အပြင်းအထန်တိုက်ခိုက်နေကြသည် ။သို့သော် ကျန်းရီသည် သူမအစွမ်းကုန်တိုက်ခိုက်သော်လည်း လန်ယုအားအနိုင်ယူနိုင်စွမ်းမရှိသည်ကိုသိလိုက်၏။
နောက်ဆုံးတွင် ကျန်းရီသည် သူမ၏အဇူရာဓားပြာအား ပြန်လည်ရုတ်သိမ်းလိုက်ပြီး တိုက်ပွဲကိုရပ်တန့်လိုက်သည်။လန်ယုကဖြည်းညင်းစွာခေါင်းညိတ်ပြလိုက်ပြီး သူမ၏ချပ်ဝတ်ကို ရုတ်သိမ်းလိုက်၏။
'' တူညီတဲ့ ငှက်တွေကအတူပျံသန်းကြတယ်...စီနီယာအစ်ကိုရဲ့အနားက လူတွေကလည်းတကယ့်ထိပ်တန်းပါရမီရှင်တွေပဲ...''
ကျန်းရီပြုံးကာဆိုသည်။
ချူခွမ်းရန်ကပြန်ပြုံးပြကာ
'' ဂျူနီယာညီမလေး ကျန်းရီရဲ့စကားကအမှန်ပဲ...ငါ့ရဲ့တစ်ချို့ ဂျူနီယာ ညီလေး၊ညီမလေးတွေက တကယ့်ကိုထူးချွန်တ​ဲ့သူတွေပဲ..''
ကျန်းရီက လန်ယုအားချီးမွမ်းသည်။သို့သော် ချူခွမ်းရန်၏စကားက သူတို့အားလုံးကိုရည်ညွန်း၏။
ဤစကားလုံးများက သူတို့အုပ်စုအားအချင်းချင်းပိုမိုနီးကပ်စေသည်။မုရုံချန်း၊ ကျောက်ဟန်နှင့် တခြားသူတို့၏ မျက်နှာပေါ်မှအပြုံးတို့သည် ပိုမိုထင်ရှားလာလေတော့သည်။



















ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now