အပိုင်း ၃၄၂ ပိုင်မင်ရှို့က ချူခွမ်းရန်ကို အကျဥ်းချခြင်း၊ ခေါင်းမဲ့အမျိုးသမီး ထွက်ပေါ်လာမှု
“ ဟ...ဟ၊ ဆိုတော့ မင်းက ဓားချီကိုယ်ပွား အများကြီး ဆင့်ခေါ်နိုင်တာပေါ့။ မင်း ငါ့ကို မယှဥ်နိုင်ဘူး”
ပိုင်မင်ရှို့က သာမန်အတိုင်း ပြောသည်။ချူခွမ်းရန်က တည်ငြိမ်စွာ ပြန်ဖြေ၏။
“ အမှန်ပဲ၊ ဒါပေမယ့် ကံမကောင်းတာက ဒီဓားချီကိုယ်ပွားတွေက မင်းအတွက် ရည်ရွယ်တာမဟုတ်ဘူး”ဓားချီကိုယ်ပွားများက လူအုပ်ထဲပြေးဝင်သွားပြီး ကြေးခွံမျိုးနွယ်ဝင်များစွာအား သတ်ဖြတ်လေတော့သည်။
ထိုမြင်ကွင်းက ပိုင်မင်ရှို့အား အလွန်တရာ ဒေါသထွက်စေ၏။
“ ခွေးသား၊ မင်း ငါ့မျိုးနွယ်ဝင်တွေကို ဘယ်လိုတောင် သတ်ရဲတာလဲ”
ပိုင်မင်ရှို့သည် ချူခွမ်းရန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။“ ငါ နောက်နေတယ် ထင်လား။ မင်းတို့ မျိုးနွယ်သားတွေ ငါ့လူတွေဆီက ယူသွားတဲ့အသက်တိုင်းအတွက်၊ ငါက အဆတစ်ထောင်ပိုပေးမယ်”
ချူခွမ်းရန်က အေးစက်စွာ ပြောသည်။“ အပြစ်ကင်းတဲ့ လူတွေကို သတ်ဖြတ်တာက လုံးဝ စက်ဆုပ်ရွံ့ရှာစရာပဲ”
“ ဟားဟား၊ ကောင်းကင်နက်ဂိုဏ်းမှ လူတွေကို ကာကွယ်ဖို့ဆိုရင် အရွံ့ရှာဆုံးရာဇဝတ်မှုတွေကိုတောင် ကျူးလွန်ဖို့ စိတ်မရှိဘူး။ ငါ့နယ်မြေကို ကျူးကျော်ခဲ့တဲ့ မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်ကြ...”
ချူခွမ်းရန်က စိတ်လှုပ်ရှားသော အသွင်ဖြင့် ရယ်မောလိုက်သည်။ကြေးခွံမျိုးနွယ်ထဲတွင် အပြစ်မဲ့သူများ ရှိသည်လော။
ဒါပေါ့၊ ရှိခဲ့၏။သို့ရာတွင်၊ ချူခွမ်းရန်က ရှည်ရှည်ဝေးဝေး မစဥ်းစားပေ။ ဤသည်ကသာ ကြေးခွံမျိုးနွယ်၏ နှလုံးသားများအထဲထိအောင် အကြောက်တရား သွင်းနိုင်သည့် နည်းလမ်းဖြစ်ပြီး ထိုမှသာ ကောင်းကင်နက်ဂိုဏ်းကို ထပ်မံရှုပ်ရဲတော့မည် မဟုတ်ချေ။
ထိုမျှသာမက၊ ကမ္ဘာကြီးက ချူခွမ်းရန်ကို ကြောက်ရွံ့သွားပေမည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...