အပိုင်း ၁၀၁ ပညာရှင်အုပ်စိုးသူလက်နက် ကမ္ဘာဖျက်နတ်ဆိုးလှံ၊ ပညာရှင်အုပ်စိုးသူလက်နက်ကိုဖိနှိပ်ခြင်း
'' ပညာရှင်အုပ်စိုးသူလက်နက်ကိုတွေ့ရှိ၊ တည်နေရာ...မြေအောက်ပေသုံးသောင်းထဲ၌...''
ရတနာရှာဖွေခြင်းစွမ်းရည်မှ အသစ်ရရှိလာသော သတင်းအချက်အလက်က ပေါ်ထွက်လာ၏။
ချူခွမ်းရန်၏မျက်လုံးများတောက်ပသွားသည်။
'' တွေ့ပြီ...အံ့ဩစရာပဲ...ဒီလူညစ်က အဲ့တာကိုမြေအောက် ပေသုံးသောင်းထဲမှာ မြုပ်ထားရုံမကလို့၊ ဖုံးကွယ်ခြင်းစွမ်းရည်နဲ့တောင် ချိပ်ပိတ်ထားခဲ့သေးတယ်၊ ငါ့ရဲ့ရတနာရှာဖွေခြင်းစွမ်းရည်ကြောင့်သာမဟုတ်ရင် အဓိပတိမြင့်မြတ်သခင်တွေတောင်ရှာတွေ့မှာ မဟုတ်ဘူး...''
'' နောက်တစ်ခုက...မြေအောက်ကိုဘယ်လိုဆင်းပြီးအဲ့တာကို သွားယူရမလဲ ဆိုတာပဲ...''
ချူခွမ်းရန်နှင့် လန်ယုတို့က လေထဲကို ခုန်တက်လိုက်သည်။ သူ၏ အသွင်ပြောင်းလဲခြင်း သုံးခုကိုအသက်သွင်းလိုက်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားတာအိုစည်းချက်များက သူ့ကိုဝန်းရံလာ၏။
'' ကောင်းကင်သတ်ဖြတ်ခြင်း ဓားနည်းစနစ်...''
ကောင်းကင်ပေါ်မှနေ၍ ခရမ်းရောင်ဓားအလင်းတစ်ခုသည် မြေကြီးပေါ်သို့ကျဆင်းသွား၏။
ဘုန်းခနဲဟူသော ပေါက်ကွဲသံနှင့်အတူ ကမ္ဘာမြေပြင်တစ်ခုလုံးနှင့် ဘေးပတ်ပတ်လည်ရှိ တောင်တန်းများအပါအဝင် တောင်မြစ်ဂိုဏ်းတစ်ခုလုံးသည် ပြင်းထန်စွာတုန်ခါနေလေ၏။ထိုအသံကိုကြားလိုက်ကြသောသူတိုင်းသည် တောင်မြစ်ဂိုဏ်းရှိရာဘက်ကိုယောင်ချာချာဖြင့်ကြည့်လိုက်ကြလေသည်။
'' ဘာတွေဖြစ်နေတာလဲ... ''
'' အသံက တောင်မြစ်ဂိုဏ်းဘက်ကလာတာပဲ...ပြီးတော့ဒီတာအိုစည်းချက်တွေက ချူခွမ်းရန်ပဲ၊ သူအခုဘာတွေလုပ်နေပြန်ပြီလဲ...''
'' တစ်ချက်သွားကြည့်ကြတာပေါ့...''
မြို့အတွင်းတွင်ရှိနေသာ ကျင့်ကြံသူများသည် တောင်မြစ်ဂိုဏ်းရှိရာ အရပ်ကို ဦးတည်လာခဲဲ့ကြသည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...