286-290

662 57 0
                                    

အပိုင်း ၂၈၆ ကံတရားက အခရာကျသော အချီတစ်ခု၊ အဲဒီထဲက တစ်ရာလုံးက ငါ့အတွက်ပဲ

   “ ငါတို့ အရင်သွားမယ်၊ ဂိုဏ်းချုပ်”
မုရုံချန်းက ပြောသည်။

  ထို့နောက်၊ သူနှင့် လန်ယုတို့သည် ကွင်းထဲသို့ အတူတူ သွားလိုက်ကြ၏။
သို့သော်လည်း၊ လန်ယုကို မြင်လိုက်သည့်အခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးတွင် ထူးဆန်းသော အကြည့်များ ထွက်ပေါ်လာသည်။

   “ အဲဒါ သူမပဲ၊ အင်ပါယာငယ် လန်ယု”
   “ ချူခွမ်းရန်ရဲ့ နောက်လိုက်က ဒီအချီမှာ ပါဝင်တာ မယုံနိုင်ဘူး”

   “ ခဏနေပါဦး၊ သူမက ကောင်းကင်နက်ဂိုဏ်းတပည့်တစ်ဦးလား”
ကျင့်ကြံခြင်းနယ်မြေဂိုဏ်းချုပ်တစ်ဦးက ရုတ်တရက် မေးလိုက်သည်။

   ချူခွမ်းရန်က သူ့အား စိုက်ကြည့်လိုက်သည်။
“ ဒါနဲ့ ပတ်သတ်ပြီး ပြဿနာရှိလို့လား။ ငါ မင်းကို ကောင်းကင်နက်ဂိုဏ်းတပည့်အကုန်လုံးရဲ့ စာရင်းပြည့်ကို ပြသပေးရမလား”

  “ ဒါ မလိုအပ်ပါဘူး”

      ထိုကျင့်ကြံခြင်းနယ်မြေဂိုဏ်းချုပ်က လျင်မြန်စွာ ပြန်ဖြေသည်။

     လန်ယုသည် ချူခွမ်းရန်၏ ဘေးတွင် အစကတည်းက ရှိ‌ပြီး အခြားကျင့်ကြံခြင်းနယ်မြေကိုလည်း မဝင်ခဲ့သဖြင့် သူမအား ကောင်းကင်နက်ဂိုဏ်းတပည့်တစ်ဦးအဖြစ် သတ်မှတ်ခြင်းက မသင့်တော်ပေ။

    “ လန်ယု၊ မင်း ဘာကြောင့် ဒီအချီမှာ ရုတ်တရက် ပါဝင်ချင်ရတာလဲ”
မုရုံချန်းက စိတ်ရှုပ်ထွေးစွာ မေးသည်။

     သူမသည် ချူခွမ်းရန်နှင့် အမြဲရှိနေသော်လည်း အခြားတစ်ယောက်နဲ့ တိုက်ခိုက်ခြင်းတို့က ရှားပါးသည် မဟုတ်ပါလော‌။ ကောင်းကင်နက်ဂိုဏ်းတွင် ရှိခဲ့သော နှစ်တစ်လျှောက်တွင် မုရုံချန်းသည် သူမ လှုပ်ရှားသည်အား မမြင်ခဲ့ဖူးချေ။

    “ ပွင့်ပွင့်လင်းလင်းပြောရရင်၊ ချန်းထျန်အစောပိုင်းက ပြောခဲ့တဲ့ စကားကြောင့် နည်းနည်းစိတ်မသက်သာ ဖြစ်သွားတယ်”
လန်ယုသည် ပညာရှင်အရှင်သခင်မျိုးနွယ်ရှိရာဖက်သို့ ကြည့်ပြီး ပြောသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now