အပိုင်း ၃၃ ဒီကတာအိုရောင်းရင်း ကျေးဇူပြုပြီး ရပ်လိုက်ပါ

736 76 0
                                    

အပိုင်း ၃၃ ဒီကတာအိုရောင်းရင်း ကျေးဇူပြုပြီး ရပ်လိုက်ပါ ကျွန်တော်ကလမ်းလျှောက်နေရုံလေးပါ

'' အတုအယောင်ကမ္ဘာငယ်က ပြိုကျတော့မယ် ''

ချူခွမ်းရန် ကရုတ်တရက် တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

'' မြန်မြန် ထွက်သွားကြတာပေါ့ ''

သတ္တမမြောက် ဘိုးဘေးက ပြောလိုက်သည်။

အတုအယောင်ကမ္ဘာငယ် ပြိုကျခြင်း၏ ဖြစ်ပေါ်လာသော အကျိုးအဆက်ကို သတ္တမဘိုးဘေးက ပင်လျှော့မတွက်ရဲပေ။

ချူခွမ်းရန်သည် အနည်းငယ်မျှပင်တုံ့မဆိုင်းရဲပေ။သူသည် ကမ္ဘာငယ်ထဲမှ ထွက်ခွာလာခဲ့ပြီး အပြင်ဘက် ကမ္ဘာသို့ရောက်သည်နှင့် အဝေးသို့လျင်မြန်စွာ ပြေးသွားလိုက်သည်။

အတုယောင် ကမ္ဘာငယ်မှ လွတ်မြောက်လာခဲ့သော တခြားသူများသည်လည်း မြန်မြန်ပြေးနေကြ၏။

ချူခွမ်းရန်နှင့် လန်ယုတို့သည် အရှင်ယွမ်လင်၏ ရတနာသိုက်မှ မိုင်ပေါင်းများစွာ အကွာသို့ ရောက်သည် နှင့် ရွေရောင်ဂိတ်တံခါးသည် တဖြည်းဖြည်း ကွဲအက်ပျောက်ကွယ်သွားပြီး အနီးပတ်ဝန်းကျင်သည်လည်း ထိုအားကြောင့် စတင်ပျက်စီးလာသည်။

ကြီးမားသည် အားသည် ဗဟိုတွင်လှည့်ပတ်နေပြီး သစ်တောများသည် အမြစ်မှကျွတ်ထွက်ကာ စုပ်ယူခံလိုက်ရသည်။

တံခါးသည် အပိုင်းအစများအဖြစ် ပြိုကွဲသွားပြီး သေးငယ်သောအနက်ရောင်တွင်းနက်တစ်ခုဖြစ်ပေါ်လာသည်။ထိုတွင်းနက်သည် လက်သီးအရွယ်ခန့်သာရှိ၏ သို့သော် ထိုအရာမှ ထွက်ပေါ်နေသော အင်အားမှာကြီးမားလွန်းသဖြင့် အနီးအနားရှိလူတိုင်းသည် ထိုတွင်းနက်ထံမှ ဆွဲအားကိုခုခံနေကြရသည်။

အတုအယောင်ကမ္ဘာငယ်နှင့် ဆယ်မိုင် ပတ်လည်အတွင်းရှိ အရာအားလုံးသည် ထိုတွင်းနက်ထံသို့ ဆွဲယူခံလိုက်ရပြီး ၄င်းကိုထိတွေ့မိသည်နှင့် သေးငယ်သောအမှုန်များအဖြစ်သို့ပြောင်းလဲသွား၏။

ထို့နောက် ထိုအနက်ရောင်တွင်းနက်သည် ပျောက်ကွယ်သွားလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now