အပိုင်း ၈၃ အလုံးစုံဝါးမျိုခြင်းနည်းစနစ်ဖြင့် မြင့်မြတ်သခင်တစ်ဦးကိုသန့်စင်ခြင်း၊ တိုင်ရှုနန်းတော်မှ ဝူချန်းဇီ
အလုံးစုံဝါးမျိုခြင်း နည်းစနစ်...
ထိုနည်းစနစ်သည် ချူခွမ်းရန် ပညာရှင်အလင်းနက်ဆီမှ ရရှိခဲ့သော ပညာရှင်အုပ်စိုးသူအဆင့်နည်းစနစ်ဖြစ်သည်။ထိုနည်းစနစ်သည် မယုံကြည်နိုင်လောက်အောင်အစွမ်းထက်ပြီး ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်ထဲ့တွင် သန့်စင်ခြင်း ဒိုင်မေးရှင်းတစ်ခုကို တည်ဆောက်ပေး၏။ထိုဒိုင်မေးရှင်းထဲ့သို စုပ်ယူခံလိုက်ရသော ကျင့်ကြံသူများ၏ အသွေးအသားများသည် ဆက်တိုက်ဆိုသလို သန့်စင်ခံလိုက်ရမည်ဖြစ်သည်။
အကယ်၍ပစ်မှတ်သည် သာမန်ကျင့်ကြံသူတသ်ယောက်ဆိုလျှင် ချူခွမ်းရန်သည် ထိုသူအပေါ် ဝါးမျိုစားသောက်ခြင်းနည်းစနစ်ကို မကျရှုံးပဲ အသုံးပြုနိုင်မည်ဖြစ်သည်။သို့သော် မြင့်မြတ်သခင်တစ်ဦးနှင့် ရင်ဆိုင်ရသောအချိန်တွင်မူ ချူခွမ်းရန်သည်ပြိုင်ဘက်ကို အားနည်းသွားအောင် အရင်လုပ်ရန်လိုအပ်လေသည်။မဟုတ်လျှင် သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်အရ ချူခွမ်းရန်က ထိုနည်းစနစ်ကိုအသုံးပြုနိုင်မည်မဟုတ်ချေ။
အလုံးစုံဝါးမျိုစားသောက်ခြင်းမှ ဖန်တီးလိုက်သော ဒိုင်မေးရှင်းသည် လုံးဝပိန်းပိတ်အောင်မည်းမှောင်နေသော နေရာတစ်ခုဖြစ်၏။မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ မြင့်မြတ်သခင်သည် ထိုဒိုက်မေးရှင်းအတွင်းသို့စုပ်ယူခံလိုက်ရပြီးနောက် သူ၏အတွင်းမှနေ၍ နက်ရှိုင်းစွာကြောက်ရွံ့လာခဲ့သည်။
ထို့နောက်တွင် စွမ်းအားကြီးသော သန့်စင်ခြင်းစွမ်းအင်တို့သည် မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှမြင့်မြတ်သခင်ကို ဝန်းရံလာခဲ့ပြီး သူ၏အသွေးအသားများသည် တဖြည်းဖြည်းနှင့်ပြိုကွဲပျက်စီးလာခဲ့သည်။
'' ဒါကဘယ်လို နည်းစနစ်မျိုးလဲ...''
'' မလုပ်ပါနဲ့...ကျေးဇူးပြုပြီး...''
.
မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှမြင့်မြတ်သခင်သည် အကယ်၍သာ သူ၏အထွတ်အထိပ်အခြေအနေတွင် ရှိနေခဲ့လျှင် ထိုသန့်စင်ခြင်းစွမ်းအားကို ခုခံနိုင်မည်ဖြစ်၏။သို့သော်လည်း ယခုအချိန်တွင် သူသည် ဒဏ်ရာကြီးစွာရရှိထားပြီး လွန်စွာအားနည်းနေသည်။ထို့ကြောင့်ထိုသန့်စင်ခြင်းစွမ်းအင်၏ပြုသမျှကို နုရလေတော့သည်။
BẠN ĐANG ĐỌC
Hành độngအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...