131-135

694 57 3
                                    

အပိုင်း ၁၃၁ ဖီးနစ်သွေးကျောက်တုံးနှင့် မြေကမ္ဘာစိတ်ဝိဉာဏ်သလင်းကျောက်၊ ဒါကတကယ်ကိုကျုပ်ရဲ့ပထမဆုံးအကြိမ်ပါဗျာ

'' ဒီကျောက်တုံးကိုလိုချင်တာသေချာရဲ့လား...ညီလေး၊ ပြီးမှစိတ်ပြောင်းလို့မရဘူးနော်..''

ဆိုင်ရှင်က ယဥ်ကျေးသိမ်မွေ့စွာပြုံးလိုက်၏။ထိူသတ္တုရိုင်းအားလုံးသည် သူ့ဟာဖြစ်သည်။ ထို့ကြောင့်သူက ဘယ်ကျောက်တုံးကကောင်းသည် ဘယ်ကျောက်တုံးက အစုတ်အပြတ်လဲဆိုသည်ကို သူသိ၏။

ချူခွမ်းရန်ရွေးချယ်လိုက်သောကျောက်တုံးမှာ အဆိုးဆုံးထဲက တစ်ခုဆိုသည်မှာ ထင်ရှားသည်။

ကျောက်တုံးများထဲမှကောင်းသောအရာတစ်ခုခုရရှိရန်အခွင့်အရေးမှာ အလွန်ရှားပါး၏။

'' သေချာတာပေါ့...ကျုပ်ဒါကိုယူမယ်...''

ချူခွမ်းရန်ကပြုံးလိုက်သည်။

သူ၏ဘေးတွင် သတ္တုရိုင်းများကိုရွေးချယ်နေသော စစ်သည်ဟောင်းတစ်ယောက်က ချူခွမ်းရန်ကပေါ့ပေါ့တန်တန်ရွေးလိုက်သည်ကိုမြင်သောအခါပြောသည်။

'' ကံကိုယုံပြီးဆူးပုံနင်းရင် ဆူးစူးလိမ့်မယ်ကောင်လေး...သတ္တုရိုင်းလောင်းတာက မင်းထင်သလောက်မလွယ်ဘူး...''

'' မင်းရဲ့ကံတရားကိုပဲ...ဒီအတိုင်းပုံအပ်လိုက်လို့မရဘူး...''

ထိုစစ်သည်ဟောင်းသည် သတ္တုရိုင်းလောင်းကစားလုပ်လာသည်မှာ နှစ်ရာပေါင်းများစွာအတွေ့အကြုံရှိသောသူဖြစ်ပြီး သူကကံတရားကို ယုံကြည်သောသူများကို သဘောမကျချေ။ သူ့အတွက် ကံဆိုသည်မှာ တခဏတာ တောက်လောင်သော မီးတောက်တစ်ခုသာသာဖြစ်သည်။

'' အကြံပေးတာကျေးဇူးတင်ပါတယ်ဆရာ...ဒါပေမဲ့ကျွန်တော်က အပျော် သဘောလောက်ပါပဲ...''

ချူခွမ်းရန်ကပြံးကာ ထပ်မပြောတော့ချေ။စစ်သည်ဟောင်းကြီးက သူ၏အလေးမထားသော တုန့်ပြန်မှုကို မကျေနပ်သဖြင့် နှာခေါင်းရှုံ့လိုက်၏။

'' ကောင်းပြီ...ငါ့မှာသတ္တုရိုင်းခွဲတဲ့ နေရာမှာကျွမ်းကျင်တဲ့ သူတစ်ယောက်ရှိတယ်...မင်းမြေကမ္ဘာစိတ်ဝိညာဥ် သလင်းကျောက်ပေးရင်ပေါ့...ဘယ်လိုလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now