အပိုင်း ၃၇၉ နောက်တစ်ကြိမ်လာပါဦး၊ ဘာပဲဖြစ်ပါစေ သူ့အသက်ကို ငါ ဝါးမြိုပစ်မယ်

442 45 0
                                    

အပိုင်း ၃၇၉ နောက်တစ်ကြိမ်လာပါဦး၊ ဘာပဲဖြစ်ပါစေ သူ့အသက်ကို ငါ ဝါးမြိုပစ်မယ်

" ချူခွမ်းရန်..."

တာအိုမာစတာ ယွင်ထောင်က ဒေါသထွက်သွားသည်။

ဤတစ်ကြိမ်တွင် သိမ်မွေ့ကောင်းကင်ကုန်းမြေက ကြီးကြီးမားမား ဆုံးရှုံးခဲ့၏။

အခြားအရာများကို အပထား၊ မဟူရာကောင်းကင် အမြုတေ၏ ထိုတစ်ကီလိုဂရမ်သက်သက်ပင် ပြီးခဲ့သော ရာစုနှစ်အတွင်း သူတို့တူးဖော်ရခဲ့သမျှ မဟူရာကောင်းကင်ကျောက်နက်အားလုံး၏ တန်ဖိုးနှင့် ညီမျှလေသည်။

၎င်းသည် ထိုသာလွန်အဆင့် မဟူရာကောင်းကင်ကျောက်နက် လေးကီလိုဂရမ်ကို ရေတွက်ခြင်း မရှိသေးပေ။

ချူခွမ်းရန်သည် သိမ်မွေ့ကောင်းကင်ကုန်းမြေကို ခြောက်ကပ်လုနီးပါး စုပ်ယူသွား၏။

တွင်းထွက်ကျောက်များ ကီလိုဂရမ် တစ်သန်းခန့်နှင့် မဟူရာကောင်းကင်ကျောက်နက်တွင်းထွက် သတ္တုကြောတစ်ခုလုံးအကြားတွင် ဤမျှကြီးမားသော မဟူရာကောင်းကင်ကျောက်နက်ပမာဏကို သူ မည်ကဲ့သို့ သိမ်းယူခဲ့သနည်း။

" အို ဘုရားသခင်..."

" ငါ ဒီမှာနေတာ ကြာလှပြီ၊ ဒီမဟူရာကောင်းကင်အမြုတေ တစ်ကီလိုဂရမ်လောက် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ မဟူရာကောင်းကင်ကျောက်နက်သတ္တုကြောတစ်ခုလုံးက ကောင်းးကင်ကျောက်အမြုတေအားလုံးကို သူ တူးယူခဲ့တာလား"

အခင်းဖြစ်ရာရှိ လူတိုင်းက မယုံနိုင်စရာကို တွေ့နေရ၏။

ချူခွမ်းရန်၌ သတ္တုများကို ပိုင်းခြားနိုင်‌သောစွမ်းရည် ရှိသော်လည်း ထိုကဲ့သို့သော တွင်းထွက်ကျောက်တုံးကြီးများနှင့် ကောင်းကင်ကျောက်အမြုတေပမာဏအတွက် အနိမ့်ဆုံး လအနည်းငယ် သို့မဟုတ် နှစ်ဝက်ခန့် အချိန်ယူရပေမည်။

သို့တိုင်၊ ချူခွမ်းရန် ဘယ်လောက် ကြာခဲ့သနည်း။
နေ့ဝက်တောင် မကြာဘဲ သူထွက်လာခဲ့သည်။

ဤအရာသည် သတ္တုမျာကို ခွဲခြားသိမြင်နိုင်သော သူ့စွမ်းရည်က ယုတ္တိထက် ကျော်လွန်နေကြောင်း သိရ၏ ။ ယခုအခါ အဆိုပါ ကောင်းကင်ကျောက်အမြုတေသည် ခြေများပေါက်ထွက်လာပြီး ချူခွမ်းရန်ဆီ သူ့ဘာသာ ပြေးဝင်လာခဲ့ပုံရသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Hikayelerin yaşadığı yer. Şimdi keşfedin