အပိုင်း ၃၄၃ အကြေးခွံအင်ပါယာ၏မှတ်တမ်း

452 52 0
                                    

အပိုင်း ၃၄၃ အကြေးခွံအင်ပါယာ၏မှတ်တမ်း၊ လက်နက်သုံးခုကို အင်ပါယာလက်နက်တစ်ခုအဖြစ်ပေါင်းစည်းခြင်း...

ခေါင်းမဲ့အမျိုးသမီး၏ရုတ်တရက်ပေါက်ပေါက်လာမှုကြောင့် ကီလိုမီတာတစ်သောင်းအတွင်းရှိ သက်ရှိမှန်သမျှပျက်စီးသွားရသည်။အလောင်းကောင်းများရေတွင်ပေါလောပေါ်နေကြပြီး အလွန်တရာမှရက်စက်ကြမ်းတမ်းသော အနိဌာရုံမြင်ကွင်းတစ်ခုဖြစ်နေလေတော့သည်။

ထိုအချိန်တွင် ခေါင်းမဲ့အမျိုးသမီးက နန်းတော်အနီးတဝိုက်ကို အာရုံခံကာသူမ၏ဦးခေါင်းကိုရှာဖွေလိုက်၏။သို့သော်ရှာမတွေ့သဖြင့် ဒေါသတကြီးခြေဖနှောင့်တစ်ချက်ဆောင့်လိုက်ရာ နန်းတော်တစ်ခုလုံးအပျက်အစီးပုံကြီးဖြစ်သွားလေတော့သည်။

ထို့နောက်သူမက အခြေမဲ့ချောက်နက်ဂိတ်တံခါးဝသို့ရောက်လာ၏။သူမက တခဏရပ်ကာ သူမ၏ဦးခေါင်းထိုထဲတွင်ရှိလေမလား တွေဝေနေပုံရသည်။

ထို့နောက်ခြေတစ်လှမ်းလှမ်းကာ အခြေမဲ့ချောက်နက်အတွင်းသို့ဝင်ရောက်လိုက်၏။

ခေါင်းမဲ့အမျိုးသမီး ဂိတ်ဝအတွင်းသို့ခြေချလိုက်သည်နှင့် ဂိတ်တံခါးက ပိတ်ကာပျောက်ကွယ်သွားလေသည်။အခြေမဲ့ချောက်နက်သည် ရောက်ရှိလာမည့်အန္တရာယ်အားသတိမမူမိပုံရလေသည်။

ခေါင်းမဲ့အမျိုးသမီးထွက်ခွာသွားသည်နှင့် ဧရာမစက်ဝိုင်းပုံနေရာလွတ်ကြီးမှာ ပျောက်ကွယ်သွား၏။တဝုန်းဝုန်းမြည်သံနှင့်အတူ ပင်လယ်ရေများမှာထိုနေရာသို့ပြန်လည်စီးဝင်လာရာ ဧရာမရေဝဲကြီးတစ်ခုဖြစ်ပေါ်လာသည်။နောက်ဆုံးတွင် ပင်လယ်ကြီးသည် ဘာမှမဖြစ်ခဲ့သည်အလား ပြန်လည်တည်ငြိမ်သွားလေသည်။

ရေနက်ပိုင်းရှိ နန်းတော်အပျက်အစီးပုံကြီးထက်တွင် ပုံရိပ်တစ်ခုဖျတ်ခနဲပေါ်လာ၏။၄င်းသည် ချူခွမ်းရန်ဖြစ်သည်။

သူက တစ်ချိန်ကအကြေးခွံမျိုးနွယ်စုဝင်များဖြစ်ခဲ့သော ခြောက်ကပ်နေသည့်အလောင်းကောင်များကိုကြည့်လိုက်ရာ ခေါင်းတစ်ခုလုံးစပ်ဖျင်းဖျင်းဖြစ်သွား၏။

'' ကံကောင်းတာက ငါမြန်မြန်ထွက်ပြေးနိုင်ခဲ့လို့ပဲ...''

ခေါင်းမဲ့အမျိုးသမီးက ဤနေရာကိုချူခွမ်းရန်ကြောင့် ရောက်ရှိလာသည်မှာသေချာ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now