အပိုင်း ၃၅၀ နားမလည်နိုင်သော ချူခွမ်းရန်

524 50 0
                                    

အပိုင်း ၃၅၀ နားမလည်နိုင်သော ချူခွမ်းရန်၊ မကြာမီ မင်းသမီးလင်းလုံ နန်းတက်တော့မည်

ကြီးကျယ်သော အင်ပါရီယန်လျှောက်လှမ်းသူသုံးဦးသည် သူတို့၏ ဝှက်ဖဲများကို တစ်ပြိုက်နက် ထုတ်သုံးလိုက်ကြသည်။

သူတို့ပေါင်းစပ်ထားသည့် အင်အားက ရောယှက်သွားပြီး ၎င်း၏ အလွန်ကြောက်စရာကောင်းသော စွမ်းအားက ချူခွမ်းရန်ဆီ တိုးဝင်သွားသည်။ သူ့နားဝန်းကျင်ရှိ လေထုက အဆက်မပြတ်ပေါက်ကွဲနေပြီး လေဟာနယ်ပင် တွန့်လိမ်ကုန်၏။

သို့တိုင်၊ ထိုကြီးမားလှ‌သော စွမ်းအားများအောက်တွင် ချူခွမ်းရန်သည် အရာအားလုံးကြားတွင် တည်ငြိမ်သော အမူအရာဖြင့် ရပ်နေဆဲဖြစ်သည်။ သူ့ရှေ့၌ရှိသော ဖရိုဖရဲမှုတွေကား လေနုလေးတစ်ဖွယ် ဖြစ်နေ၏။

ထို့နောက်၊ သူရှေ့ရှိ ကုချင်းပေါ်ကို သူ့လက်ချောင်းများ တင်လိုက်သည်။ သူ့မျက်လုံးများက အာရုံးစူးစိုက်လျက်ရှိပြီး ကြီးကျယ်ခမ်းနားသော တာအိုစည်းချက်များအား အပြင်သို့ လွှင့်ပျံစေသည်။

“ ကမ္ဘာတစ်ဝှမ်းကပ်ဆိုက်ခြင်း”

ကုချင်းသံစဥ် မြည်ဟီးလာပြီး ဟင်းလင်ပြင်တစ်လျှောက် ပဲ့တင်ထပ်နေ၏။
နယ်မြေတစ်ခုလုံးက သိမ့်သိမ့်တုန်သွားသည်။

ကုချင်းတာအိုစည်းချက်လှိုင်းများ တဟုန်ထိုး တိုးပွားလာပြီး သူ့နားဝန်းကျင်ရှိ အရာအားလုံးကို ပေါက်ကွဲသွားစေသည်။ ပြိုးပြိုးပြက်ပြက်လင်းနေသော ခုနှစ်စဥ်ကြယ်ဓားအရိပ် ပြိုကွဲသွား၏၊ ကြီးမားသော တောင်မြစ်တံဆိပ်တုန်းက အစိပ်စိပ်ကွဲသွားကာ စွဲမက်ဖွယ်ညို့ငင်သော ကုချင်းသံစဥ်တာအိုစည်းချက်က တိတ်ဆိတ်သွားသည်...။

ချူခွမ်းရန်ဆီ ဦးတည်သွားသော ထိုစွမ်းအင်များသည် သူ၏ ကုချင်းသံစဥ်တာအိုစည်းချက်နှင့် ရင်ဆိုင်ရာ၌ လုံးဝ ပျက်ပြယ်သွားကြသည်။ ၎င်းတို့က သူ့အား နည်းနည်းမျှပင် အနာတရ မရနိင်ချေ။

ဆန့်ကျင်ဘက်အနေဖြင့်၊ ယဲ့ရှင်း၊ ဖုန့်ယောင်ရောင် နှင့် ကော်စန်းတို့သည် ကမ္ဘာတစ်ဝှမ်းကပ်ဆိုက်ခြင်း၏ တန်ပြန်မှုအောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားကြသည်။ သူတို့သုံးယောက်လုံးသည် ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး သူတို့ခန္ဓာများလည်း အမှတ်မထင် နောက်ဆုတ်သွားရ၏။ ချက်ချင်းပင် သူတို့စွမ်းအင်များ ကုန်ဆုံးသွားလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now