အပိုင်း ၃၆၁ ယွမ်ဝူဒါအို ရှုံးကြောင်း ဝန်ခံခြင်း ၊ ငါလုပ်ခဲ့တာ...

467 50 0
                                    

အပိုင်း ၃၆၁ ယွမ်ဝူဒါအို ရှုံးကြောင်း ဝန်ခံခြင်း ၊ ငါလုပ်ခဲ့တာ... မင်းမှာ ကန့်ကွက်စရာရှိလား

“ ဆိုတော့၊ ဒါက ချူခွမ်းရန်ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စွမ်းရည်ပေါ့”

“ ဒါက တကယ်ကြောက်စရာကောင်းတယ်”
ယွမ်ဝူဒါအိုက ချူခွမ်းရန်ကို စိုးရိမ်တကြီး ကြည့်နေသည်။

  သူတို့နှစ်ဦးက သိုင်းတစ်ကွက်သာ ဖလှယ်ခဲ့ပြီး ယွမ်ဝူဒါအိုသည် သူ့စွမ်းအား၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်ကို အသုံးချခဲ့သော်လည်း သူက နောက်သို့ မီတာရာပေါင်းများစွာ လွင့်စင်သွားဆဲဖြစ်သည်။

   အခြားတစ်ဖက်တွင်၊ ချူခွမ်းရန်က တစ်လက်မမျှပင် မရွေ့ခဲ့ချေ။

    သူ၏ စွမ်းအားကို များစွာ အသုံးမပြုခဲ့သည်မှာ ထင်ရှား၏။
  သူ့စွမ်းအား၏ ငါးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သည်လော။ ဒါမှမဟုတ် သုံးဆယ်ရာခိုင်နှုန်းတည်းလော။

    အဖြေက မည်သို့ဖြစ်နေပါစေ၊ ချူခွမ်းရန်၏ စွမ်းအားက သူ့အထက်၌ ရှိကြောင်းကို ယွမ်ဝူဒါဆိုအနေဖြင့် ဒေါသတကြီး လက်ခံရပေမည်။

    “ ချူခွမ်းရန်၊ ငါတို့ရဲ့ စီးပွားရေးကိစ္စက ကြာဖြူ‌ကျောင်းတော်နဲ့သာ သက်ဆိုင်တယ်။ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ငါထင်တယ်”
ယွမ်ဝူဒါအိုက အခိုင်အမာပြော၏။

    “ သို့တိုင်၊ မင်းဟာ မြေအောက်ကမ္ဘာမှ တစ်စုံတစ်ယောက်ကို ဒီနေရာသို့ ခေါ်ခဲ့တယ်။ ဟမ့်၊ ဒါကြောင့် ဆွေးနွေးစရာအကြောင်းမရှိဘူး”
ချူခွမ်းရန်က နှာခေါင်းရှုံ့လိုက်သည်။

သူသည် မြေအောက်ကမ္ဘာအား မနှစ်သက်ချေ။
ထိုကျင့်ကြံခြင်းနယ်မြေသည် ချူခွမ်းရန်ကို ဒုက္ခရှာရုံမှလွဲ ဘာမှမလုပ်ချေ။ ကောင်းကင်နက်ဂိုဏ်း၌ပင် သူလျှိုတစ်ဦး ဝင်စေခဲ့သေး၏။

    ယခုတွင် ချူခွမ်းရန်သည် ၎င်းတို့နှင့် နောက်ဆုံးတွင်တွေ့ဆုံလေပြီ၊ သူက မည်ကဲ့သို့ ဤအတိုင်းရပ်နေမည်နည်း။

ချူခွမ်းရန်က သူ့ဝိညာဥ်စွမ်းအင်များကို စတင်ဖြန့်ကျက်လိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now