အခန်း ၁၁ တာအိုဆရာသခင်များအလည်အပတ်ရောက်ရှိလာခြင်းက သာမန်လူတစ်ယောက်ကိုကောင်းကင်ဘုံသို့ပို့ဆောင်ပေးတယ်
ချူခွမ်းရန်သည် သူ၏လွှမ်းမိုးနိုင်စွမ်းအားသက်သေပြပြီးနောက် ကောင်းကင်ဓားကို ပြန်လည်စုစည်းလိုက်သည်။ဓားများသည် သူ့နေရာသို့ပြန်လည်ရောက်ရှိသွားပြီး ဓားဆန္ဒတို့မှာလည်းပြန်လည်ပျောက်ကွယ်သွားသည်။
မုရုံချန်းသည် စိတ်သက်သာရာရစွာဖြင့်သက်ပြင်းတစ်ချက်ချကာ ချူခွမ်းရန်အားကြောက်ရွံ့စွာဖြင့်ကြည့်လိုက်သည်။
သူသည်အမှန်ပင်ထိတ်လန့်ဖွယ်ကောင်းသည်။စဦးစိတ်ဝိဉာဏ်အဆင့်ပညာရှင်သည် အတွေးတစ်ချက်ဖြင့်ဖိနှိပ်ခံလိုက်ရလေသည်။
သူတို့သည်ဓားတောင်တွင်ဖြစ်သော်ငြားလည်း ချူခွမ်းရန်၏ဝင်ပေါက်ကိုးခု ဓားနှလုံးသား မဟာတာအိုခန္ဓာသည် မည်မျှထိတ်လန့်ဖွယ်ကောင်းကြောင်း ဤတိုက်ပွဲတွင်သက်သေပြခဲ့ပြီးဖြစ်သည်။
'' မင်းငါ့ရဲ့ တာအိုနန်းေတာ်ကို အချိန်ရရင် လာနိုင်တယ်...အခုတော့ ငါမြင့်မြတ်ဓားနဲ့နေသားကျအောင်လုပ်ရအုံးမယ် ၊ဒီတော့ငါမအားသေးဘူး..''
ချူခွမ်းရန်ပြောလိုက်သည်။လက်တစ်ချက်ဝေ့လိုက်သည်နှင့် ကောင်းကင်သက်ဆင်းက သူ့လက်ထဲရောက်ရှိလာ၏။
အတွေးတစ်ချက်ဖြင့် မြင့်မြတ်ဓားသည် သူ၏စိတ်ဝိဉာဏ် ပင်လယ်နှင့် ပေါင်းစည်းသွား၏။
စိတ်ဝိဉာဏ်ပင်လယ်သည် ကျင့်ကြံသူများ၏ စိတ်ဝိဉာဏ်စွမ်းအင်များတည်ရှိရာ ပင်မအရင်းအမြစ်ဖြစ်သည်။၄င်းသည် မြင့်မြတ်ဓား ပေါင်းစည်းထားသောနေရာလည်းဖြစ်သည်။
ချူခွမ်းရန်သည် တာအိုဆရာသခင်များကိုခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ပြန်လည် လှည့်ထွက်လာခဲ့သည်။ကောင်းကင်နန်းတော်သို့သူပြန်ရောက်သောအချိန်တွင် ညနေစောင်းနေပြီဖြစ်၏။
ချူခွမ်းရန်က မုရုံချန်းအား.အနိုင်ယူလိုက်သည့်သတင်းသည် ကောင်းကင်နက်ဂိုဏ်းအတွင်းသို့ လျင်မြန်စွာပျံနှံ့သွားလေတော့သည်။သူတို့သည် တစ်ဂိုဏ်းလုံး၏ရှေ့မှောက်တွင်တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပါလား...။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...