အပိုင်း ၇၁ ဝါးမျို စားသောက်ခြင်း နည်းစနစ်

662 55 0
                                    

အပိုင်း ၇၁
ဝါးမျို စားသောက်ခြင်း နည်းစနစ်၊ မင်္ဂလာဆောင် သိုင်းပြိုင်ပွဲ ဖျက်သိမ်းခြင်း ၊ ရှန်ကလန်ရဲ့ စိမ်းလန်းသော အင်ပါယာငယ်

မြို့တော် ၊ တည်းခိုခန်း များထဲ တစ်ခုထဲ၌...

ချူခွမ်းရန်သည် သူ့ရဲ့ ယင်နှင့် ယန် လက်စွပ်ထဲမှ ပစ္စည်းများကို သေချာ ရှင်းလင်းနေသည်။

သူသည် လျှို့ဝှက်နေမြေမှ များစွာသော ပစ္စည်းများနှင့် ရတနာ များကို ရရှိခဲ့၏။ ထိုထဲမှ အများစုကို ဂိုဏ်းကို ပို့ရန်အတွက် အကြီးအကဲ ရူဟန် ကို လွဲပြောင်းပေးခဲ့သော်လည်း တစ်ချို့ကိုတော့ သူနှင့် အတူသိမ်းဆည်းထားသည်။

'' ဟေးးး...ဒီဟာက.... ''

ချူခွမ်းရန်သည် အသံတိုးတိုးဖြင့် ရုတ်တရက် ထိန့်လန့်သွား၏။

သူ ရှင်းလင်းနေချိန်တွင် ပညာရှင် အလင်းနက်  ၏ အလောင်းမှ အခြား ယင်နှင့်ယန် လက်စွပ်ကို ရှာဖွေတွေ့ရှိသောအခါ သူ့မျက်လုံးများ လင်းလက်သွားသည်။
'' ပညာရှင် တစ်ယောက်ရဲ့ ယင်နှင့်ယန် လက်စွပ်... ။
ဒီထဲမှာ ဘယ်လို တန်ဖိုးကြီး ပစ္စည်းတွေ ရှိနေမလဲ? ''

ချူခွမ်းရန်သည် ၎င်းကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်၏။

သို့ပေမဲ့... သူ မြင်လိုက်ရသည်က  ယင်နှင့်ယန် လက်စွပ်အတွင်းမှ ဗလာဖြစ်နေသော နေရာလွတ်ကိုပင်။ ထိုဟာတွေက ဝိညာဉ် ကျောက်တုံး အနည်းငယ် ၊ ဆေးပြား တစ်ချို့ နှင့် အခြား အပိုင်းအစ တချို့လောက်သာ ဖြစ်သည်။

'' မဖြစ်နိုင်ဘူး... ဒီ ပညာရှင် က ဒီလောက်တောင် ဆင်းရဲတာလား? ''

ချုခွမ်းရန် သည် လက်စွပ် ထဲမှ ပစ္စည်းများကို မရှင်းလင်းမီကပင် နှုတ်ခမ်း စူလိုက်သည်။

​ဆေးပြားများနှင့် ဝိညာဥ် ကျောက်တုံး တွေက စိတ် အနှောက်အယှက် ဖြစ်စရာ မလိုအပ်ပါ။

သူ့အာရုံက အမှိုက်ပုံ လို အပိုင်းအစဆီ ရောက်သွား၏။ တိုကင် တစ်ခု ၊ ကျောက်စိမ်း စာလိပ် တစ်ခုနှင့် ၎င်းတို့ကြားတွင် ဝတ်စုံ အနည်းငယ် ပါရှိသည်။

တိုကင်က အမဲရောင်ဖြစ်ပြီးတော့ သူ့လက်ဖြင့် ဆုပ်ကိုင်ထားသောအခါ ပြင်းထန်သော အော်ရာများကို ထုတ်လွှတ်နေ၏။ ရှေးကျောက်စာ အများအပြားပါရှိသော တိုကင် တစ်ဝိုက်တွင် သေခြင်းချီ အနည်းငယ် ရစ်သန်းနေပြီး ၎င်း ပေါ်တွင်
'' ကာကွယ်ခြင်း နည်းစနစ် '' ဟူသော စကားလုံးတွေ ထွင်းထုထားသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now