အပိုင်း ၈၂ မြင့်မြတ်သခင်တစ်ဦးကို တစ်ကိုယ်တည်းယှဥ်ပြိုင်ခြင်း

606 51 0
                                    

အပိုင်း ၈၂ မြင့်မြတ်သခင်တစ်ဦးကို တစ်ကိုယ်တည်းယှဥ်ပြိုင်ခြင်း၊ ကြာဖြူအလင်းသန့်စင်​ခြင်း၏စွမ်းအား

ချူခွမ်းရမ်ပြောသည်ကိုကြားသည်တွင် မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ ကျင့်ကြံသူ၏မျက်နှာမှာမည်းမှောင်သွားသည်။

' ဒီထိပ်တန်းဆေးပင်က မင်းရဲ့အပိုင်ဖြစ်ဖို့ ကံပါလာတယ်တဲ့လား...'

' ဒါဆိုကမ္ဘာပေါ်မှာရှိတဲ့ တခြားဆေးပင်တွေရော မင်းရဲ့အပိုင်ဖြစ်ဖို့ကံပါလာတာပဲလား...'

'' အဓိပ္ပါယ်မရှိတာတွေ...ငါမင်းဘယ်ကလာလဲဆိုတာကိုဂရုမစိုက်ဘူး...ဒါပေမဲ့ မင်းငါ့လမ်းမှာပိတ်နေမှတော့ သေ သင့်တယ်...''

မိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ မြင့်မြတ်သခင်၏ခန္ဓာကိုယ်တစ်လျှောက်တွင် လျှပ်စီးကြောင်းများဖြစ်ပေါ်လာပြီး တိုက်ခိုက်မှုကိုထုတ်လွှတ်လိုက်၏။

ချူခွမ်းရန်၏အကြည့်က ကျဥ်းမြောင်းသွားပြီး သူ၏သိမြင်မှုမျက်လုံးကိုအသက်သွင်းလိုက်ကာ ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့် ၊ စွမ်းရည်နှင့် နည်းစနစ်များအစရှိသည်တို့ကိုစစ်ဆေးကြည့်လိုက်သည်။

'' ငါသိပြီ...မင်းကမိုးကြိုးသိမ်းငှက်မျိုးနွယ်စုကကိုး...''

ချူခွမ်းရန်က ထိုတိုက်ခိုက်မှု့ကို ​ရှောင်လွဲခြင်းမရှိပဲ သူ၏ကောင်းကင်သက်ဆင်းဓားကိုကိုင်ကာ ပြန်လည်တိုက်ခိုက်လိုက်၏။ ထို့နောက် ချက်ချင်းပင်ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုသည် ​ရှေ့ကို တိုးထွက်သွားလေသည်။

ဓားအလင်းနှင့် လျှပ်စီးများသည် အချင်းချင်းတွေ့ဆုံကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီးများသည် နေရာ အနှံ့ကိုပျံ့နှံ့သွားခဲ့ကာ လေ ဟာနယ်တစ်ခုလုံးကို တုန်ခါလာစေ ၏။သူတို့၏ပတ်ဝန်းကျင်တွင် ရှိသော တောင်များသည်လည်း ပေါက်ကွဲသွားလေသည်။

ချူခွမ်းရန်သည်လည်း ထိုတွေ့ဆုံမှုကြောင့် ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရ၏။

'' မြင့်မြတ်သခင်တစ်ယောက်ရဲ့ တိုက်ပွဲဝင်စွမ်းအားက တကယ်ကိုကြီးမားတာပဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora