146-150

694 55 7
                                    

အပိုင်း ၁၄၆ ဓားတစ်ရာရောင်စဥ်ကိုပွဲထုတ်ခြင်း၊ ပညာရှင်တစ်ယောက်ကငါတို့ကိုဟောပြောပေးလိမ့်မယ်

'' ဓားတစ်ရာရောင်စဥ်စာအုပ်ထဲမှာဘယ်သူတွေပါမယ်လို့မင်းထင်လဲ...''

'' ဓားတစ်ရာရောင်စဥ်က ဓားဆုတောင်းမြို့ကဆိုတော့ သူတို့က ဘက်လိုက်ထားမထား ဘယ်လိုသိနိုင်မလဲ...၊လူထုကသာ လက်မခံရင် အဲ့တာက တန်ဖိုးမရှိတဲ့ စာရွက်သာသာပဲရှိလိမ့်မယ်...''

“ အမှန်ပဲ အပြောကသာ ရွေမန်းဖြစ်နေပြီး တကယ်ဘာမှမဟုတ်ရင် ဘယ့်နှယ်လုပ်မလဲ...''

ဆွေးနွေးမှုများက ဓားဆုတောင်းမြို့၏မြေပြင်တစ်လျှောက်တွင် ဖြစ်ပွားလျက်ရှိကြသည်။

မကြာမီတွင် လူထု၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဖန်းမိသားစုတပည့်များက စာအုပ်တစ်အုပ်ကိုယူလာပြီး နံရံပေါ်တွင်ချိတ်ဆွဲထားလိုက်သည်။

ကြီးမားသော ကျမ်းစာကြီးတစ်စောင်က ​လူအုပ်၏ရှေ့တွင်ရု တ်တရက်ပေါ်လာ၏။ ဓားအမျိုးမျိုးနှင့် သူတို့၏ပိုင်ရှင်များ၏ နာမည်များကို တစ်ခုပြီးတစ်ခု အစဥ်လိုက်ဖော်ပြထားသည်။

လူများအားလုံး ပထမဆုံးပြုလုပ်လိုက်သည်မှာ ထိုစာရင်းကို အာရုံစိုက်ပြီးကြည့်လိုက်ခြင်းပင် ဖြစ်သည်။

ပထမနေရာ...။

'' ပထမနေရာတွင်ရှိနေတာက ကောင်းကင်သက်ဆင်း ဆိုပါလား...''

လူအုပ်ကတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။

'' မင်းကောင်းကင်သက်ဆင်းကို အရင်ကကြားဖူးလား...''

'' မပြောတတ်ဘူး...ရင်းနှီနေသလိုပဲ...ပိုင်ရှင်ကဘယ်သူလဲ...''

'' ချီးပဲ...မင်းကမ သေချာဘူးဟုတ်လား၊ မတွေ့ဘူးလား၊ အဲ့တာက ချူခွမ်းရန် ကိုင်တဲ့ ဓားလေ...''

'' ဓားဝိညာဥ်နဲ့ပေါင်းစည်းသွားတဲ့ဓားလား...''

'' ဟုတ်တယ်...''

'' ကောင်းကင်သက်ဆင်းရဲ့ပိုင်ရှင်က တကယ်ပဲချူခွမ်းရန်လား...''

ဓားသမားမြောက်များစွာက ညဥ်းတွားလိုက်ကြသည်။

ဓားဝိညာဥ်နှင့်ပေါင်းစည်းထားသောဓားက ပထမနေရာတွင်ရှိသည်မှာ ဖြစ်သင့်သည်။ သို့သော် ဓားတစ်ရာရောင်စဥ်သည် ဓားတစ်ခုတည်း၏စွမ်းအားအပေါ်တွင်အခြေခံထားခြင်းမဟုတ်ပဲ ပိုင်ရှင်၏စွမ်းအားအပေါ်တွင်လည်း အခြေခံထား၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now