166-170

717 54 7
                                    

အပိုင်း ၁၆၆ အနည်းဆုံးကိုးဆယ်ရာခိုင်နှုန်းယုံကြည်ချက်ရှိတယ်၊ ပြန်လည်နုပျိုလန်းဆန်းတက်ကြွခြင်းဆေးလုံး၊ နွေဦးအိပ်စက်ခြင်းဆေးလုံး

ချူခွမ်းရန်က ကမ္ဘာကြီးကိုလှည့်လည်သွားလာရန်ပြင်နေချိန်မှာပင် သတင်းတစ်ခုက အဇူရာနဂါးကုန်းမြေတစ်ခုလုံးကိုတုန်လှုပ်သွားစေခဲ့လေ၏။

ထိုသတင်းမှာ ကောင်းကင်နက်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင် မြင့်မြတ်သခင်ရွှမ်ချီက အဆင့်တက်ရန်ပြင်ဆင်နေခြင်းပင် ဖြစ်လေသည်။

ထိုသတင်းက အဇူရာနဂါးကုန်းမြေတစ်ခုလုံးကို လှိုင်းလုံးများပမာ ပျံ့နှံ့သွားခဲ့သည်။

မြင့်မြတ်သခင်တစ်ယောက်က အဆင့်တက်နိုင်ခဲ့လျှင်သူက ပညာရှင်အခြေအနေ၏ နယ်နမိတ်ထဲသို့ဝင်ရောက်သွားမည်ဖြစ်ပြီး ဆက်လက်၍ အသိပညာများကိုစုစည်းနိုင်ခဲ့လျှင်အနာဂတ်တွင် ပညာရှင်တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။

ကောင်းကင်နက်ဂိုဏ်းက နောက်ထပ်ပညာရှင်တစ်ယောက်ထပ်ရတော့မှာလား...။

ထိုအချိန်တွင် အဇူရာနဂါးကုန်းမြေတစ်ခုလုံးက ထိုအကြောင်းကိုဆွေးနွေးနေကြ၏။

'' ကောင်းကင်နက်ဂိုဏ်းက ပညာရှင်ကျင့်ကြံခြင်းနယ်မြေတစ်ခုပဲ...၊ ဒီတော့သူတို့မှာသေချာပေါက်ပညာရှင်နောက်ခံရှိမှာပဲ၊ ဒါပေမဲ့ သူတို့မှာပညာရှင်နောက်ထပ်တစ်ယောက်ရှိလာခဲ့ရင်တော့ တကယ်ကြောက်စရာကောင်းလာတော့မှာပဲ...''

'' အမှန်ပဲ...ပညာရှင်ကျင့်ကြံခြင်းနယ်မြေတွေမှာတောင်မှ ပညာရှင်တွေအများကြီးမရှိဘူး...၊ နောက်တစ်ယောက် ထပ်တိုးလာတာက တကယ်အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ...''

'' လိုအပ်တာက မြင့်မြတ်သခင်ရွှမ်ချီက အောင်အောင်မြင်မြင်နဲ့ အဆင့်တက်နိုင်ဖို့ပဲ...''

'' တချို့လူတွေက မြင့်မြတ်သခင်ရွှမ်ချီ အဆင့်တက်တာကို ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ဘူးလို့ထင်တယ်...''

'' မြင့်မြတ်သခင်ရွှမ်ချီငယ်ရွယ်စဥ်အချိန် ကောင်းကင်ကြယ်တာရာ တစ်ခုလုံးကို ခရီးသွားတုန်းက လူဘယ်နှစ်ယောက်ကို စော်ကားခဲ့သလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ၊ အခုသူအဆင့်တက်တော့မှာဆိုတော့ ဒီလူတွေက သူ့ကိုအောင်မြင်စေချင်မှာမဟုတ်တာသေချာတယ်၊ သူတို့လာပြီးမတားဆီးနိုင်ဘူးလို့ဘယ်သူပြောနိုင်မှာလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now