231-235

609 42 2
                                    

အပိုင်း ၂၃၁ အတွင်းပိုင်းဇုန်၊ အဆင့်မြင့်အညိုးအတေး ဝိညာဥ်၊ အမူအရာတွေပိုလွန်းခြင်း

'' ဟင်...ကောင်းကင်ကြီးကဘာလို့မှောင်မိုက်လာရတာလဲ...''

လူတိုင်းက အံအားသင့်သွား၏။

ထိုအချိန်တွင် လမ်ချန်ခုန်က အကွာအဝေးတစ်ခုကိုကြည့်လိုက်ပြီး သူ၏မျက်နှာကပြောင်းလဲသွားသည်။

မည်းမှောင်နေသောကောင်းကင်ကြီးအလွန်တွင် လေပြင်းများနှင့် သဲများကကောင်းကင်နှင့်မြေကြီးကိုချိတ်ဆက်လိုက်ကြသကဲ့သို့ အတူတကွစုဝေးလာကြပြီး အနက်ရောင်နဂါးကြီးတစ်ကောင်က သူ၏သွားများနှင့်လက်သည်းများကိုဖြဲလျက်ခြိမ်းခြောက်နေသကဲ့သို့ပင်ဖြစ်လေသည်။

ကြောက်မက်ဖွယ်ကောင်းသောမုန်တိုင်းကြီးတစ်ခုက စတင်တိုက်ခတ်လာ၏။

'' မကောင်းတော့ဘူး...ဒါကသဲမုန်တိုင်းပဲ...''

'' မြန်မြန်ဒီနေရာက ထွက်သွားရအောင်...''

လမ်ချန်ခုန်ကအော်ဟစ်လိုက်၏။

လူတိုင်း၏မျက်နှာတွင် ထိတ်လန့်နေသောအရိပ်အရောင်များပေါ်လာကြလေသည်။

ရှေးဟောင်းစစ်မြေပြင်ရှိသဲမုန်တိုင်းများကပုံမှန်လောကကြီးတွင်ရှိသောသဲမုန်တိုင်းများနှင့်မတူချေ။ထိုသဲမုန်တိုင်းထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသောဖျက်စီးခြင်းချီများပါဝင်နေကြပြီး မြင့်မြတ်သခင်တစ်ယောက်ပင် ထိုသဲမုန်တိုင်းထဲသို့ဝင်ရောက်သွားလျှင် တစ်စစီဖြစ်သွားမည်ဖြစ်၏။

လမ်ချန်ခုန်နှင့် တခြားသူများက ထိုသဘာဝဘေးအန္တရာယ်ကြီးရှေ့မှောက်တွင် ရပ်တည်အခွင့်အရေးနည်းနည်းတောင်ရှိလိမ့်မည်မဟုတ်ချေ။

'' အစ်ကိုချူ သွားကြစို့...''

လမ်ချန်ခုန်က ကြောက်လန့်နေသောမျက်နှာထားဖြင့် ချူခွမ်းရန်ကိုလှမ်းအော်လိုက်ပြီး တခြားသူများကိုဦးဆောင်ကာ ဆန့်ကျင်ဘက်သို့ မြန်မြန်ပြေးသွားလိုက်သည်။

ချုခွမ်းရန်က ပြင်းထန်စွာဖြင့် ကြောက်မက်ဖွယ်တိုက်ခတ်နေသော မုန်တိုင်းကြီးကိုတစ်ချက်ကြည့်ကာတုံ့ဆိုင်းသွားပြီးနောက် လန်ယုနှင့်အတူတခြားသူများနောက်ကိုပြေးလိုက်သွားလေတော့၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now