86 - 90

810 54 1
                                    

အပိုင်း ၈၆ တိုင်ရှုနန်းတော်သခင်နှင့် စိတ်ပိုင်းဆိုင်ရာချင်းတိုက်ခိုက်ခြင်း၊ ငါရဲ့တိုက်ကွက်ကိုခုခံစမ်း

'' ဒါက ကိစ္စသေးသေးလေးပါ...ဘာမှမဖြစ်ပါဘူး...''

ချူခွမ်းရန်ကရယ်မောကာပြောလိုက်သည်။

သူပြောသောလေသံမှာ အနိမ့်အမြင့်မရှိပုံမှန်အတိုင်းဖြစ်ပြီး လိုရင်းကိုထိမိ၏။

ဝေးကွာခြင်းခန်းမအပြင်ဘက်တွင်ရှိသော တပည့်များက ထိုအခြေအနေကိုပြန်လည်ချေပချင်သော်လည်း ပြောစရာစကားရှာမတွေ့ချေ။

ထို့ကြောင့်သူတို့က တိတ်ဆိတ်နေရန်သာတတ်နိုင်သည်။

တချို့သောကောင်းကင်သားတော်များ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများထွက်ပေါ်လာသည်။သူတို့သည် မနာလိုမှုနှင့် ခံပြင်းမှုတို့ကိုခံစားလိုက်ရသည်။

'' ဂျူနီယာချူနဲ့ နှုိင်းယှဥ်ရင်တစ်ကမ္ဘာလုံးက ကောင်းကင်သားတော်တွေက သာမန်ညောင်ညအဆင့်တွေပါပဲ...''

တိုင်ရှုနန်းတော်သခင်က ချူခွမ်းရန်ကိုကြည့်ကာပြောလိုက်သည်။

'' တိုင်ရှူနန်းတော်သခင်ရဲ့စကားတွေကို လက်မခံရဲပါဘူး...''

ချူခွမ်းရန်ကလုံးဝဖော်ဖော်ရွေရွေရှိမနေချေ။

အဘယ်ကြောင့်ဆိုသော် သူအတွက်ထိုစကားလုံးများက လုံးဝမှန်ကန်သော​ကြောင့်ဖြစ်သည်။သူနှင့်ရင်ဆိုင်ရလျှင် အင်ပါယာငယ်တစ်ယောက်ပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိမည်မဟုတ်ပေ။

အင်ပါယာငယ်တစ်ယောက်ပင်ထိုသို့ဆိုလျှင် တခြားကောင်းကင်သားတော်တွေကိုစိတ်ထဲထားစရာလိုလို့လား...။

ချူခွမ်းရန်၏ရှေ့တွင်မည်သူမှ ကိုယ့်ကိုကိုယ် ကောင်းကင်သားတော်ဟုခေါ်ရန် အရည်အချင်းမရှိချေ။

တိုင်ရှုနန်းတော်သခင်၏နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ဤကဲ့သို့ ဖော်ရွေမှုလုံးဝမရှိပဲ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော သူကိုသူပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now