အပိုင်း ၃၃၄ ဒေါသနတ်ဘုရားလက်သီး၊ ရေကွယ်ပုလဲ၊ အတွင်းစည်း ပြိုင်ပွဲ

535 45 0
                                    

အပိုင်း ၃၃၄  ဒေါသနတ်ဘုရားလက်သီး၊ ရေကွယ်ပုလဲ၊ အတွင်းစည်း ပြိုင်ပွဲ

  ကောင်းကင်အင်ပါယာနန်းတော်မှ ချူခွမ်းရန် ထိုးထွင်းသိမြင်ခဲ့သော နှလုံးထိုးဖောက်ခြင်းလက်ချောင်းနှင့် နှိုင်းယှဥ်ပါက ဤစာလိပ်၌ မည်သည့် ထူးခြားသော အန္တရာယ်မှ မပါရှိပေ။

    သေချာစဥ်းစားကြည့်ပါက၊ ထိုအဝိသေသန များက စာလိပ်များအတွင်းရှိ နည်းစနစ်များဖြင့် ဆက်စပ်နေပေမည်။
နှလုံးထိုးဖောက်ခြင်းလက်ချောင်းသည် ပြိုင်ဘက်ဖြစ်သူ၏ တာအိုအူတိုင်ကို ပစ်မှတ်ထားရန် ထီထွင်ထားသော အင်ပါယာနည်းစနစ်တစ်ခုဖြစ်၏။ နည်းစနစ်ကိုသာ ထိန်းမရပါက ၎င်းက အသုံးပြုသူနှင့် ရန်သူများအား မလွဲမသွေ ထိခိုက်လိမ့်မည်။

     နှလုံးထိုးဖောက်ခြင်းလက်ချောင်းကို သင်ယူရာ၌ အတွေးအကြုံများစွာ ရရှိခဲ့ရာ ချူခွမ်းရန်သည် ဤစာလိပ်အား ပုံဖော်ရန် အချိန်သိသိသာသာ လျော့နည်း၏။ ဤအကြိမ်တွင်၊ သူက အချိန်ခြောက်နာရီကျော်ကျော်မျှသာ ကြာမြင့်ခဲ့လေသည်။

   အင်ပါယာနည်းစနစ်တစ်ခုကို နားလည်ဖို့ ခြောက်နာရီသာ ကြာသည်လော။

ဤအကြောင်းသာ ပျံ့နှံ့သွားပါက လောကတစ်ခွင် တုန်လှုပ်သွားပေမည်။ အင်ပါယာတစ်ပါးပင် ထိုကဲ့သို့ ပြီးပြည့်စုံသည့် နားလည်သဘောပေါက်မှု စွမ်းရည်ကို မပိုင်ဆိုင်ထားကြချေ။

    သို့ရာတွင်၊ စိတ်ဝိညာဥ်ကြည်လင်ခြင်း ကမ္မဌာန်းစျာန်နှင့် သူ၏ ထူးကဲသော ပေါင်းစပ်မှုတာအိုခန္ဓာကိုယ်တို့၏ အကူအညီဖြင့် ချူခွမ်းရန်က ၎င်းကို အောင်မြင်သွားစေ၏။

“ ဒေါသနတ်ဘုရားလက်သီး”

    ဤအင်ပါယာနည်းစနစ်ကို ‌ဒေါသနတ်ဘုရားလက်သီးဟု ခေါ်လေသည်။

     ၎င်းသည် အသုံးပြုသူ၏ ဒေါသကို အဓိကထားသော ကြောက်မက်ဖွယ်လက်သီးနည်းစနစ်တစ်ခု ဖြစ်၏။ အသုံးပြုသူက ဒေါသပိုထွက်လေလေ ဤအင်ပါယာနည်းစနစ်၏ သေလောက်ဖွယ် စွမ်းအားက တိုးပွားလာလေ ဖြစ်သည်။

    ထိုအင်ပါယာနည်းစနစ်အား ထုတ်ဖော်လိုက်သောအခါ ချူခွမ်းရန်သည် သူ့အတွင်းမှ ဆူပွတ်နေသော ဒေါသတရားကို ခံစားမိ၏။ တစ်စုံတစ်ယောက်ကို တိုက်ခိုက်ရန် လိုအပ်သည်ဟု ခံစားမိလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now