အပိုင်း ၃၂၆ အင်ပါယာအော်ရာမှ မီတာတစ်ရာအကွာ၊ လူတိုင်းကို ဖုန်မှုန့်များကြားချန်ထားရစ်ခြင်း
“ ဘယ်သူက ငါတို့ကို ထွက်သွားဖို့ ဖိအားသလဲဆိုတာ ကြည့်ရအောင်”
သူက ထိုစကားလုံးများကို ပြောပြီးသည်နှင့်၊ သူ့နောက်ရှိ ကုန်းမြေလေးခု၏ ပညာရှင်များမှ စွမ်းအားကြီးအော်ရာလှိုင်းများစွာ ထွက်ပေါ်လာ၏။
ချူခွမ်းရန်ကို စိုက်ကြည့်ရင်း ပညာရှင်အမူးသမား၏ မျက်လုံးများတွင် အလင်းတန်းတစ်ချက် တောက်ပသွားသည်။
ချူခွမ်းရန်၏ ရောက်ရှိလာခြင်းက ကုန်းမြေလေးခုပညာရှင်များအကြားတွင် သန်မာသော ခိုင်မာချက်ကို ဖြစ်ပေါ်စေကြောင်း သူ သတိထားမိလိုက်သည်။
သူသည် ကုန်းမြေလေးခုပညာရှင်များအား အတူတူတကွ ပေါင်းစည်းသည့် အဓိကပံ့ပိုးသူဖြစ်ပုံ ရ၏။
“ ကုန်းမြေလေးခုမှာ သူ့လိုလူတစ်ယောက် ပေါ်ထွက်လာတာလား”
ပညာရှင်အမူးသမားက အနည်းငယ်စိတ်ရှုပ်သွားသည်။
“ ငါ မေးပါရစေ၊ မင်းနာမည် ဘာလဲ”“ ငါက ချူခွမ်းရန်၊ ကောင်းကင်နက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်”
ထိုနာမည်ကို ကြားသည်တွင် ပညာရှင်အမူးသမားက ပိုပြီး အံ့သြသွားလေ၏။
ဒီမတိုင်ခင်တုန်းကလည်း ချူခွမ်းရန်၏ နာမည်အား သူကြားဖူးလေသည်။
ထိုနာမည်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အတော်လေး လူသိများပြီး နာမည်ကျော်ကြား၏။ သူက ပင်လယ်ပြင်တွင် မကျော်ကြားသော်လည်း ပညာရှင်အမူးသမားက သူ့နာမည်ကို သိဆဲဖြစ်သည်။
“ ဒီကောင်က ပြိုင်ဘက်ကင်း ကောင်းကင်သားတော်”
“ ဒါပေမယ့် ကောင်းကင်သားတော်တစ်ဦးက ပညာရှင်တွေကို ဘာလို့ ယုံကြည်မှုကြီးကြီးမားမား ရှိစေတာလဲ”
“ ဒါက နည်းနည်းတော့ ထူးဆန်းလွန်းမနေဘူးလား”
ပညာရှင်အမူးသမားက ချူခွမ်းရန်၏ နာမည်ကိုသာ သိပြီး သူ့အကြောင်းကို ဘာမှ မသိခြင်းကစိတ်မကောင်းစရာပင်ဖြစ်သည်။မဟုတ်ပါက၊ ပညာရှင်အမူးသမား အနေဖြင့် အခုအချိန်တွင် စိတ်ရှုပ်နေမည် မဟုတ်ချေ။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...