အပိုင်း ၃၂၇ အိမ်ကလေးထဲကိုဝင်ရောက်ခြင်း၊ ဆံဖြူလူကြီး၊ မိန်းမဦးခေါင်း

517 48 0
                                    

အပိုင်း ၃၂၇ အိမ်ကလေးထဲကိုဝင်ရောက်ခြင်း၊ ဆံဖြူလူကြီး၊ မိန်းမဦးခေါင်း

ချူခွမ်းရန်က အိမ်ကလေးဆီသို့တစ်လှမ်းချင်းလမ်းလျှောက်သွားနေသည်။

သူ၏အရှိန်မှာမမြန်ဆန်ပေ သို့သော်အလွန်တည်ငြိမ်သည်။တခြားပညာရှင်များမှာ အကောင်းဆုံးကြိုးစားသော်လည်း တစ်လှမ်းနှစ်လှမ်းသာ ရွေ့နိုင်ကြသည်။

'' မကောင်းတော့ဘူး...ဒီအတိုင်းဆက်ဖြစ်နေရင် ဒီအိမ်ကလေးထဲကရတနာတွေအကုန်လုံးကို သူပဲရသွားလိမ့်မယ်...''

ပညာရှင်အမူးသမားကတွေးလိုက်သည်။

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောက်စိမ်းအဆောင်တစ်ခုကိုထုတ်ယူလိုက်သည်။၄င်း၏မျက်နှာပြင်သည် ချောမွေ့တောက်ပပြီး လက်ရာမြောက်၏။ထို့အပြင် ၄င်းတွင် အင်ပါယာအော်ရာအကြွင်းအကျန်များပါဝင်နေသည်။

ထိုအရာကိုမြင်သောအခါ လူတိုင်း၏အမူအရာကပြောင်းလဲသွားသည်။

'' အင်ပါယာလက်နက်လား...''

'' မဟုတ်ဘူး...အဲ့ဒါက အင်ပါယာလက်နက်မဟုတ်ဘူး၊ အဲ့ဒါက အင်ပါယာအသက်ရှင်စဥ်တုန်းကဝတ်ဆင်ခဲ့တဲ့အရာတစ်ခုဖြစ်လိမ့်မယ်၊ ဒါကြောင့် အဲ့ဒါကအင်ပါယာရဲ့စွမ်းအားတွေသက်ရောက်ခြင်းကိုခံရပြီး အင်ပါယာအော်ရာတွေပါဝင်နေတာပဲ...''

'' ပညာရှင်အမူးသမားမှာ အခုလိုပစ္စည်းမျိုးရှိနေမယ်လို့မထင်ထားဘူး...''

လူတိုင်းက အနည်းငယ်အံ့ဩသွားကြသည်။

ကျောက်စိမ်းအဆောင်ကိုထုတ်ယူလိုက်သည်နှင့် ၄င်းတွင်ပါဝင်နေသောအင်ပါယာအော်ရာက အိမ်ကလေးထဲမှထွက်ပေါ်လာသော အော်ရာနှင့်တွေ့ဆုံမိကြကာ တွန်းကန်ကြ၏။ထို့ကြောင့် ပညာရှင်အမူးသမားအတွက် အရာအားလုံးမှာလွယ်ကူသွားလေပြီ။သူက အရှိန်တင်လိုက်ရာ ချူခွမ်းရန်ကိုလိုက်မှီလာသည်။

ကျန်ပညာရှင်များကလည်း သူတို့၏နည်းစနစ်များ လှည့်ကွက်များကိုအသုံးပြုလာကြသည်။

တစ်ချို့က သူတို့၏တာအိုစည်းချက်များကိုအဆင့်မြင့်ရန် လျို့ဝှက်နည်းစနစ်များကိုအသုံးပြုကြသည်။တစ်ချို့က ပညာရှင်လက်နက်များကိုအသုံးပြုကာ စွမ်းအားကိုမြင့်တင်ကြသည်။တစ်ချို့က ခက်ခက်ခဲခဲကျင့်ကြံထားရသော တာအိုစည်းချက်များကိုအသုံးပြုကြသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Tempat cerita menjadi hidup. Temukan sekarang