အပိုင်း ၃၃၇ ပင်လယ်နက်သို့ စွန့်စားခြင်း၊ မင်း အရမ်းလွန်တယ်

490 44 2
                                    

အပိုင်း ၃၃၇  ပင်လယ်နက်သို့ စွန့်စားခြင်း၊ မင်း အရမ်းလွန်တယ်၊  အကြေးခွံဘုရင်ကို တိုင်ထဲထိုးသွင်းခြင်း

“ ငါ ပြောသလို၊ မင်းက လျှော့ပေးဖို့ အနေအထားမရှိဘူးပဲ”

ချူခွမ်းရန်က ထူးမခြားစွာပြောပြီး သူ၏ တောင်တန်းအရွယ်လက်ဝါးဖြင့် အကြေးခွံမျိုးနွယ်ဗိုလ်ချုပ်၏ လည်ပင်းကို ဆုပ်ကိုင်ရင်း မြှောက်ထားလိုက်သည်။

သူက ချူခွမ်းရန်ကို ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေ၏။

သူက အဓိပတိမြင့်မြတ်သခင်တစ်ဦးဖြစ်၏။ သို့သော်လည်း ချူခွမ်းရန်၏ ရှေ့မှောက်တွင် လက်တစ်ချောင်းပင် မမြှောက်နိုင်ခဲ့ပေ။

ရန်သူ၏ ခွန်အားက သူ မျှော်လင့်ထားသည်ကို များစွာ ကျော်လွန်နေ၏။ သူသည် ချူခွမ်းရန်က လွယ်ကူသော ပြိုင်ဘက်မဟုတ်ကြောင်း အစောတည်းက သိသော်လည်း သူ ဤမျှ လွယ်လွယ်ရှုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ သေစမ်း”

ချူခွမ်းရန်က အကြေးခွံမျိုးနွယ်ဗိုလ်ချုပ်အား လက်တစ်ဖက် မထားသည်။ သူ့မျက်လုံးများ လင်းလက်သွားပြီး သူ့လက်ငါးချောင်းကို အားစိုက်ထုတ်လိုက်ရာ မယုံနိုင်ဖွယ်ကြောက်စရာကောင်းပြီး ကြီးမားသော အင်အားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

တခဏအတွင်းမှာပင်၊ ထိုအကြေးခွံမျိုးနွယ်ဗိုလ်ချုပ်သည် သွေးမြူများအဖြစ် ပြောင်းသွား၏။

အဓိပတိမြင့်မြတ်သခင်တစ်ဦးကို သတ်ပစ်ခြင်းက သူ့အတွက် ကလေးကစားစရာကဲ့သို့ပင်။
ထို့နောက်၊ သူသည် သာမန်ကာလျှံကာ လက်ဝါးတစ်ချက်ရိုက်ထုတ်ပြီး ပင်လယ်သတ္တဝါများကို သွေးမြူများအဖြစ် ပြောင်းလဲသွားစေ၏။

ဤမယုံနိုင်စရာ ကြောက်မက်ဖွယ်စွမ်းအားက အကြေးခွံမျိုးနွယ်တစ်ခုလုံးကို တုန်လှုပ်စေ၏။

ထိုအချိန်တွင်၊ နတ်ဘုရားဖီးနစ် အနီလေးလီသည် သူ့မေးရိုးကို ဖွင့်လျက် အကြေးခွံမျိုးနွယ်စစ်တပ်ဆီ မီးလုံးများ ဆက်တိုက်ပစ်လိုက်ရာ အကုန်ပြာချသွားစေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now