အပိုင်း ၃၃၈ ကြေးခွံမျိုးနွယ်စု နှင့် တိုက်ခိုက်ခြင်း

494 42 1
                                    

အပိုင်း ၃၃၈  ကြေးခွံမျိုးနွယ်စု နှင့် တိုက်ခိုက်ခြင်း၊ ကြေးခွံဘုရင်က သူ့လူတွေ၏ စိတ်ကို ရှုပ်ထွေးစေသည်

ကလန့်...

သုံးခွမှိန်းက နန်းတော်တိုင်ကို စိုက်ဝင်သွားရာ ကျယ်လောင်သော သံချင်းရိုက်သံတစ်ခု ထွက်ပေါ်လာ၏။

ချူခွမ်းရန်ကြောင့် တိုင်ပေါ် ချိတ်ခံထားရသော ကြေးခွံဘုရင်သည် မယုံနိုင်အောင် အရှက်ရကာ သွေးနီရောင်မျက်လုံးဖြင့် စိုက်ကြည့်နေခဲ့သည်။

သူသည် ကြေးခွံမျိုးနွယ်စု၏ အာဏာပိုင်စိုးသော ဘုရင်မင်းမြတ် ဖြစ်သည် မဟုတ်လော။

ကြေးခွံမျိုးနွယ်ဝင် သန်းပေါင်းများစွာကို အုပ်ချုပ်သော ဘုရင်တစ်ပါး ဖြစ်သည်။

အခုအခါကား လူများစွာ၏ မျက်စိအောက်တွင် ချူခွမ်းရန်သည် သူ့အား သူ့နန်းတော်တွင် ချိတ်ဆွဲထားလေ၏။

“ လဗြွတ်ပဲ၊ မင်း ခွေးသား”
“ ချူခွမ်းရန်၊ ဒီနေ့ မင်းကို ငါ သတ်မယ်။ မင်းကို သတ်မယ်”

ကြေးခွံဘုရင်က ဒေါသတကြီး အော်လိုက်သည်။ ဤအတောအတွင်း မလှမ်းမကမ်းရှိ ကြေးခွံမျိုးနွယ်အကြီးအကဲဩ အမူအရာသည် ချူခွမ်းရန်ကို လေးနက်စွာ စိုက်ကြည့်ရင်း သုန်မှုန်နေ၏။

သူသည် ကြေးခွံဘုရင်ကိုယ်တိုင်က ပညာရှင်တစ်ဦးဖြစ်ကြောင်း သိ၏။ တိုက်ခိုက်ရေးခွန်အားအရ ဘုရင်သည် သူ့ထက်အားနည်းသော်လည်း သူကား ချူခွမ်းရန်ကြောင့် တိုင်ပေါ် ရိုက်ခံခဲ့ရသည်။ ချူခွမ်းရန်က ပညာရှင်အဆင့် အောက်တွင် အမှန်တကယ် ရှိနေသည်လော။

သူ့စိတ်တွင် အ‌တွေးတစ်ခု လင်းလက်သွားသည်... ချူခွမ်းရန်ကို အရင်ကတွေ့ဖူးသော ပညာရှင်တိုင်းလည်း တူညီစွာ တွေးတောဖူး၏။

ဆန့်ကျင်ဘက်တွင်၊ ချူခွမ်းရန်က တည်တည်ငြိမ်ငြိမ် တုန့်ပြန်သည်။
“ ကြေးခွံမျိုးနွယ်ဟာ ကောင်းကင်နက်ဂိုဏ်းပိုင်နက် ကျုးကျော်ဝင်ရောက်ခဲ့ပြီး ငါတို့ ကောင်းကင်နက်ဂိုဏ်းရဲ့ တွဲဖက်အင်အားစုမှ လူတစ်သိန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ကျန်ဒဏ်ရာရသူ များစွာ ရှိခဲ့တယ်။ ဒီနေ့ သူတို့အတွက် တန်ပြန် ပေးဆပ်ရမယ်”

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Tempat cerita menjadi hidup. Temukan sekarang