အပိုင်း ၃၃၆ အကြေးခွံမျိုးနွယ်စု၏ကျုးကျော်မှု၊ တိမ်ပင်လယ်ကြားမှ ဖီးနစ်စီးနင်းသူ

520 40 0
                                    

အပိုင်း ၃၃၆ အကြေးခွံမျိုးနွယ်စု၏ကျုးကျော်မှု၊ တိမ်ပင်လယ်ကြားမှ ဖီးနစ်စီးနင်းသူ၊ မင်းကညှိုနှိုင်းနိုင်တဲ့အခြေအနေမှာမရှိဘူး...

ထို့နောက်သူက သူဘာမှလုပ်စရာမရှိစဥ်က ဖော်စပ်ထားခဲ့သောအဆိပ်တစ်ချို့ကိုထုတ်ယူလိုက်ကာ ကျောက်ထျန်းလုံကိုတိုက်ကျွေးလိုက်သည်။ယခုသူ့တွင် ထိုသူလျှိုအားထိန်းချုပ်နိုင်စွမ်းအပြည့်အဝရှိသွားပြီဖြစ်သည်။

မရဏနန်းတော်မှ သူလျှိုတစ်ယောက်ကိုဖော်ထုတ်မိခြင်းကြောင့် အကြီးအကဲရူယန်က သင်ခန်းစာတစ်ခုရသွားကာ တခြားအပြင်စည်း၊ အတွင်းစည်းနှင့် အစစ်အမှန်တပည့်များကို စစ်ထုတ်လိုက်၏။ချူခွမ်းရန်၏ သိမြင်မှုမျက်လုံးကြောင့် အမှန်ပင် ထိုအထဲမှ သူလျှိုအချို့ကိုရှာဖွေဖော်ထုတ်မိခဲ့သည်။

သို့သော် သူတို့ကအပြင်စည်းနှင့် အတွင်းစည်းတပည့်များသာဖြစ်သည်။ထို့ကြောင့် ထိုသူတို့ရရှိသောအရင်းအမြစ်မှာနည်းပါးသဖြင့် ကံကောင်းသည်ဟုဆိုရပေမည်။

ချူခွမ်းရန်က ထိုသူလျှိုများကို မမောင်းထုတ်စေပေ။ ထို့အစား အကြီးအကဲရူယန်ကိုသေချာစောင့်ကြည့်စေလိုက်သည်။တစ်နေ့တွင် ထိုသူလျှိုများက တနည်းနည်းဖြင့်အသုံးဝင်လာနိုင်၏။

အချိန်များက တဖြည်းဖြည်းကုန်ဆုံးသွား၏။

ယခုဆိုလျှင် ရက်အနည်းငယ်ရှိသွားခဲ့ပြီဖြစ်သည်။

ယနေ့တွင် အကြီးအကဲရူယန်က ချူခွမ်းရန်ကိုလာတွေ့ပြီး သူ့မျက်နှာသည် အလွန်အလေးအနက်ဖြစ်နေသည်။

'' ဂိုဏ်းချုပ်...ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ကျွန်မတ်ို့ရဲ့မဟာမိတ်အင်အားစုတစ်စုက မနေ့ကပဲအတိုက်အခိုက်ခံခဲ့ရတယ်၊ သူတို့ကြီးကြီးမားမားဆုံးရှုံးသွားတယ်လို့ပြောတယ်...''

'' နောက်ကွယ်မှာ ဘယ်သူရှိနေလဲ...''

'' အကြေးခွံမျိုးနွယ်စုပဲ၊ သူတို့ပြောတာက ကောင်းကင်နက်ဂိုဏ်းသာ သုံးခွမှိန်းနဲ့ ဂိုဏ်းချုပ် အမည်မဲ့ကျွန်းကရလာခဲ့တဲ့ အင်ပါယာပစ္စည်းကိုမပေးရင်၊ သူတို့ရဲ့စစ်သည်အင်အားတစ်သောင်းစီကို​နေ့တိုင်းစေလွှတ်ပြီး ကမ်းရိုးတန်းတစ်လျှောက်လုံးမှာရှိတဲ့ ကောင်းကင်နက်ဂိုဏ်းရဲ့မဟာမိတ်အင်အားစုတွေကို အမြစ်ပြတ်သုတ်သင်ပစ်မယ်တဲ့...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now