အပိုင်း ၃၅၃ ခေါင်းကိုးလုံးကလန်သို့၊ ခေါင်းကိုးလုံးမြွေနဂါးပြန်လည်ရှင်သန်လာခြင်း

461 45 0
                                    

အပိုင်း ၃၅၃  ခေါင်းကိုးလုံးကလန်သို့၊ ခေါင်းကိုးလုံးမြွေနဂါး ပြန်လည်ရှင်သန်လာခြင်း

   ခေါင်းကိုးလုံးကလန်သို့သွားသည့် သူ၏ ခရီးတွင် ချူခွမ်းရန်သည် ကုန်သည်တစ်ဦးထံမှ ဝယ်ခဲ့သည့် ပန်းချီကားတစ်ချပ်ကို ကိုင်ထား၏။ ၎င်းတွင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ  အသွင်အပြင်ရှိပြီး ထူးဆန်းသော ခေါင်းကိုးလုံးမြွေနဂါးတစ်ကောင်ကို ပုံဖော်ထားလေသည်။

   “ ရှေးဟောင်းသားရဲ၊ ခေါင်းကိုးလုံးမြွေနဂါး”

“ ဒဏ္ဍာရီတွေအရတော့ ဒီသားရဲက ရေနဲ့မီး ဒြပ်စင်နှစ်ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တယ်တဲ့။ ဟမ့်...၊ ခေါင်းကိုးလုံးကလန်က ဒီလိုသားရဲတစ်ကောင်ကို ကိုးကွယ်မယ်လို့ မထင်ထားခဲ့ဘူး။ စိတ်ဝင်စားစရာကောင်းတယ်”

ချူခွမ်းရန်က ရယ်မောလိုက်သည်။

    လန်ယုသည်လည်း သရုပ်ဖော်ပုံကို စူးစူးစိုက်စိုက် လေ့လာနေသည်။

“ ဒါက မျက်စိမသတီစရာ သားရဲတစ်ကောင်ပဲ။ အနီလေးလီ လောက် မခမ်းနားဘူး”
လန်ယုက ပြောသည်။

“ ဒါပေါ့။ အနီလေးလီက ခမ်းနားကြီးကျယ်တဲ့ နတ်သားရဲလေ၊ ဒါကတော့ ရက်စက်တဲ့သားရဲတစ်ကောင်ပေါ့။ သူတို့ကို မနှိုင်းယှဥ်နိုင်ပေမယ့် ခေါင်းကိုးလုံးမြွေနဂါးကို လျှော့မတွက်သင့်ဘူး။ အဲ့ဒါရဲ့ သွေးမျိုးဆက်အရ ဒီအကောင်ရဲ့အဆင့်က နတ်သားရဲတွေထက် အနည်းငယ်သာ နိမ့်တယ်”
ချူခွမ်းရန်က ပြောသည်။

   ထို့နောက်၊ သူသည် အဝေးရှိ အရိုင်းမြေကို လှမ်းကြည့်ပြီး ပြောသည်။

   “ ရေနက်စီရင်စုကို ငါတို့ရောက်ဖို့ လေးရာကီလိုမီတာပဲ လိုတော့တယ်။ ထိုနေရာမှာ ခေါင်းကိုးလုံးကလန် ရှိတာပေါ့”

  “ သွားကြစို့၊ ငါတို့ ဒီနေ့ အရောက်သွားကြမယ်”
...

ခေါင်းကိုးလုံးကလန် တဲတစ်ခု အတွင်း။

   “ အားလုံးပဲ၊ သခင်လေး လီက ခေါင်းကိုးလုံးမြွေနဂါးကို နိုးထစေပြီးတဲ့အခါ ငါတို့ နယ်မြေတွေကို နောက်ဆုံးတော့ ချဲ့ထွင်ရတော့မယ်”

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora