261-265

637 44 0
                                    

အပိုင်း ၂၆၁ အဖြူဝတ်ဗိုလ်ချုပ်မှဆင်းသက်လာသောသားစဥ်မြေးဆက်များ၏သဲလွန်စ၊ ဂိုဏ်းခေါင်းဆောင်ကိုနှုတ်ဆက်ပါတယ်...

ကလန်၏အထက်ပိုင်း အကြီးအကဲများကအတူတကွပူးပေါင်းကာ ရှန်ကလန်ခေါင်းဆောင်ကို တိုက်ခိုက်လိုက်ကြ၏။

ရှန်ကလန်ခေါင်းဆောင်မှာ အဓိပတိမြင့်မြတ်သခင်တစ်ဦးဖြစ်သော်လည်း လူအများအပြားပူးပေါင်းကာ သူ့ကိုတိုက်ခိုက်နေကြသဖြင့် တဖြည်းဖြည်းခံနိုင်ရည်လျော့နည်းလာပြီး ပင်ပန်းနွမ်းနွယ်စပြုလာ၏။ထို့အပြင် သူကသူ၏ကိုယ်ပိုင်ကလန်သားများ၏ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံနေရသဖြင့် အလွန်တရာမှဒေါသထွက်ကာ အမှားမှားအယွင်းယွင်းလုပ်မိသွားလေတော့သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်၏ အနိုင်ယူခြင်း ကိုခံလိုက်ရလေသည်။

'' ဒါက တကယ်ကိုအံ့ဩသင့်စရာကောင်းတဲ့မြင်ကွင်းပဲ...''

ချူခွမ်းရန်က ဘေးမှရပ်ကြည့်ကာ လက်ခုပ်လက်မောင်းတန်းပြီး အားပေးနေ၏။

တစ်ချို့အကြီးအကဲများကိုကြည့်ရသည်မှာ ရှက်ရွံ့နေကြပုံပေါ်လေသည်။

သူတို့က သူတို့အသက်ရှင်ရေးအတွက် ရွေးချယ်စရာမရှိသောကြောင့်သာ ဤသို့ပြုလုပ်ရခြင်းဖြစ်သည်။

အကြီးအကဲများထဲမှတစ်ယောက်က ရှန်ကလန်၏ခေါင်းဆောင်အား ချူခွမ်းရန်လက်ထဲသို့အပ်ကာ...

'' အစ်ကိုချူ...ရှန်ကလန်ခေါင်းဆောင်က အစ်ကိုချူအပေါ်မှာ မှားယွင်းခဲ့တဲ့အတွက်သူထိုက်တန်တာကိုရသွားခဲ့ပါပြီ၊ ပြီးတော့ သူကရှန်ဟန်ရဲ့အဖေလည်းဖြစ်ပါသေးတယ်၊ အစ်ကိုသူ့ကိုသတ်သည်ဖြစ်စေ၊ နှိပ်စက်သည်ဖြစ်စေ...အစ်ကိုချူရဲ့သဘောအတိုင်းပါပဲ...''

ချူခွမ်းရန်က ထိုအကြီးအကဲပြောသည်ကိုဂရုမစိုက်ပေ။ထို့အစားသူက လို့ကလန်၏ရှေးဟောင်းဓားကိုယင်ယန်လက်စွပ်ထဲမှထုတ်ယူကာ ခံစားချက်ကင်းမဲ့စွာဖြင့်မေးလိုက်သည်။

'' ငါမင်းကိုမေးမယ်...၊ ဒီလို့ကကလန်ရဲ့ရှေးဟောင်းဓားက မင်းတို့ရှန်ကလန်မှာဘာလို့ရောက်နေရတာလဲ၊ မင်းဒါကိုဘယ်ကယူလာတာလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now