171-175

739 49 3
                                    

အပိုင်း ၁၇၁ နှလုံးသားအပြစ်ပေးဓား၊ လင်းဟူဟောင် ၏သေဆုံးမှု၊ ငါတို့ရဲ့ကံကောင်းလေး

လင်းဟူဟောင် က သေးငယ်သောရွှေရောင်ဓားတစ်ချောင်းကိုထုတ်ယူလိုက်၏။ ၄င်းကို နားမလည်နိုင်လောက်အောင် ထူးခြားဆန်းကြယ်သော တာအိုစည်းချက်များကဝန်းရံထားပြီး လူတိုင်းကိုတုန်လှုပ်စေသည်။

မြင့်မြတ်သခင်ကျောက်လန်၊ ဖန်ဝူချန်နှင့်တခြားသူများ ကမသိစိတ်၏လှုံ့ဆော်မှုကြောင့်နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြသည်။

မြင့်မြတ်သခင်ရွှမ်ချီ၏အမူအရာက ပြောင်းလဲသွား၏​။

'' ဒါက နှလုံးသားအပြစ်ပေးဓား...''

'' အမှန်ပဲ...''

လင်းဟူဟောင်က အေးစက်စက်ရယ်မောလိုက်သည်။

နှလုံးသားအပြစ်ပေးဓား လင်းဟူမိသားစု၏ ပညာရှင်အုပ်စိုးသူ နည်းစနစ်များထဲမှ တစ်ခုဖြစ်ပြီး မိသားစုအတွင်းရှိ မျိုးဆက်များထဲမှ အနည်းငယ်သာ ထိုနည်းစနစ်ကိုထိုးထွင်းသိမြင်နိုင်၏။

ထိုဓားကတစ်စုံတစ်ယောက်၏တာအိုအူတိုင်ထဲကိုထိုးဖောက်နိုင်ပြီး သူတို့၏နှလုံးသားကိုအပြစ်ပေးနိုင်သည်။

'' တတိယဘိုးဘေးက မင်းနဲ့ရင်ဆိုင်ဖို့ ငါ့ကိုအပြစ်ပေးဓားနှလုံးသားကိုပေးလိုက်တယ်၊ ဒါပေမဲ့ကြည့်ရတာ မင်းရဲ့တပည့်က မင်းအစားအနစ်နာခံရတော့မယ်ပုံပဲ...''

လင်းဟူဟောင်က ဘာမှထပ်ပြောတော့ပဲ အပြစ်ပေးနှလုံးသားဓားကို သူ့ထံလွှဲယမ်းလိုက်သည်။

'' ခွမ်းရန်...သတိထား...''

မြင့်မြတ်သခင်ရွှမ်ချီ၏မျက်နှာက ပျက်သွား၏။သူက ချူခွမ်းရန်ကိုသွားကာ ကူညီချင်ပါသော်လည်း မိုးကြိုးလွှဲတိုင် အပြင်ဘက်ကိုထွက်လိုက်သည့်အချိန်ကိုက်တွင် ကောင်းကင်ကပ်ဘေးကသူ့ထံသို့ကျဆင်းလာပြီး လှုပ်ရှားမရအောင်ပြုလုပ်နေသည်။

ရွှေရောင်ဓားငယ်ကို ​ဝှေ့ယမ်းလိုက်သည်နှင့် ၄င်းက ဟင်းလင်းပြင်ကိုအရှိန်အဟုန်ဖြင့်ဖြတ်သန်းလာ၏။ထိုဓားသည် ချူခွမ်းဆီသို့ထိုးဖောက်ဝင်ရောက်လာပြီး သူ့တစ်ကိုယ်လုံးကိုတုန်ခါစေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now