156-160

819 55 1
                                    

အပိုင်း ၁၅၆
ချူခွမ်းရန်က ချန် နိုင်ငံကို ရောက်ရှိနေခဲ့ပြီ၊ ကောင်းကင်ဘုံ မွှေးရနံ့ စားသောက်ဆိုင်၏ အနီရောင်မိန်းမပျို

ချန် နိုင်ငံတွင် ကောင်းကင်ဘုံ မွှေးရနံ့ စားသောက်ဆိုင် ဟုခေါ်သော ပျော်ရွှင်ဖွယ် နေရာ တစ်ခုရှိ၏။

ထိုအခိုက်အတန့်တွင်၊ စားသောက်ဆိုင်၏ အလှပြင်ခန်းတစ်ခု အတွင်းတွင် အနီရောင်တောက်တောက် ဂါဝန် ဝတ်ဆင်ထားသော အမျိုးသမီး တစ်ယောက်သည် မိမိကိုယ်ကို အလှပြင်နေပြီး သူမရဲ့ လှုပ်ရှားမှုတွေက အလွန် ကျက်သရေ ရှိလှ၏။ သူမသည် ကောင်းကင်ဘုံ မွှေးရနံ့ စားသောက်ဆိုင်၏ မျက်နှာရှင် ဖြစ်ပြီး လူတွေက သူမကို အနီရောင် မိန်းမပျို ဟု ခေါ်ကြသည်။

အနီရောင်မိန်းမပျို ဘေးတွင် သူမ၏ ဆံပင်ကို ဖြီးပေးသော အိမ်ဖော် တစ်ယောက်ရှိ၏။
“ လက်တလော သတင်းတွေရှိလား?”
“ လေဒီ ဟွေ၊ ဂိုဏ်းခေါင်းဆောင်နှင့် အခြားသူတွေက ဒီနေ့ မြို့တော်ကို ရောက်ဖို့ စီစဥ်ထားတယ်။ ထို့အပြင်၊ အသူရာ ဂိုဏ်းနှင့် အမည်မသိ နတ်ဆိုးကျင့်ကြံသူများလည်း ထိုနေရာမှာ သူတို့ အမြင်တွေ  ကျန်ထားခဲ့သေးတယ်။ ငါတို့ စစ်ပွဲကြီး တစ်ခုကို မရှောင်နိုင်တော့ဘူး ထင်တယ်”

“ ဒီ ရှာဖွေမှုဟာ နှင်းဆီမွှေ့ယာ ဖြစ်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားဘူး။ ထိုနေရဦက ရှေးဟောင်း မှတ်တမ်းတွေအရ ဆိုရင် နတ်ဆိုး နှိမ်နှင်းခြင်း ရေကန် ဖြစ်မှာ သေချာတယ်။ ဒဏာရီအရဆို ရေတွင်းထဲမှာ ပညာရှင် နတ်ဆိုး နှလုံးသား တစ်ခုကို ဝှက်ထားခဲ့တယ်။ ဒီလို ပုံပြင်မျိုးက အာရုံစူးစိုက်မှု ပိုရရှိကြတတ်တယ်”

“ ဒါနဲ့၊ ငါ့မှာ သတင်းတစ်ချို့ ရှိတယ်...”

အိမ်ဖော်သည် သူမ၏ စာကြောင်း အဆုံးမှာ ထစ်ထစ်ငေါ့ ရပ်လိုက်၏။

“ မင်း ဘာလို့ ထစ်ငေါ့ နေရတာလဲ? ပြောစမ်း”
“ ချူခွမ်းရန်... ချန်နိုင်ငံကို ရောက်ရှိနေပါတယ်”

သူမ ထိုဟာကို ပြောသည်နှင့် တစ်ခန်းလုံးက တိတ်ဆိတ်သွားလေသည်။ လက်တစ်ဖက်ဖြင့် မျက်ခုံးမွှေး ဆွဲနေသော အနီရောင် မိန်းမပျိုသည် ရပ်တန့်သွားပြီး သူမ၏ မျက်ခုံးမွှေးတံသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now