အပိုင်း ၇ မုရုံချန်း ဓားဆန္ဒနယ်မြေအားဖြတ်ကျော်ခြင်း၊သူကတကယ်ချောတာပဲ

1.2K 126 1
                                    

အပိုင်း ၇ မုရုံချန်း ဓားဆန္ဒနယ်မြေအားဖြတ်ကျော်ခြင်း၊သူကတကယ်ချောတာပဲ

ဓားကိုးလက်အားတောင်ထိပ်ပေါ်ရှိကျောက်ဖျာကြီးတစ်ချပ်တွင်ထိုးစိုက်ထားလေ၏။အေးစက်ပြင်းထန်သောဓားစိတ်ဆန္ဒကား ၄င်းကျောက်ဖျာ၏ခြေလှမ်းတစ်ရာအတွင်းသို့ အလွန်ပြင်းထန်စွာသက်ရောက်နေလေသည်။
အလယ်တွင်ကားဓားကိုးချောင်းကိုစိုက်ထား၏။တခြားသောဓားတို့မှာဤနေရာသို့မဝင်ရောက်နိုင်ပေ။အဘယ်ကြောင့်ဆိုသော် ၄င်းကိုဓားဆန္ဒနယ်မြေဖြင့်ဝန်းရံထားသောကြောင့်ဖြစ်သည်။
စူးရှတောက်ပသောမျက်လုံးများရှိသည့်လူငယ်တစ်ဦးသည် ထိုဓားကိုးချောင်းအား ပေတစ်ထောင်အကွာမှရပ်ကာကြည့်နေ၏။သူ၏မျက်နှာတွင်မှုပြင်းပြသောစိတ်ဆန္ဒတို့အားထိန်းချုပ်ထားရဟန်ရှိလေသည်။
'' ငါအခုစဦးစိတ်ဝိဉာဏ်အဆင့်ကိုဝင်ရောက်သွားပြီဆိုတော့ ဓားကိုးချောင်းရဲ့အသိမှတ်ပြုမှုကိုသေချာပေါက်ရမှာပဲ...ငါ မုရုံချန်း ကနန်းကုန်ဟောင်အောက်မလျော့ဘူးဆိုတာကိုသေချာပေါက်သက်သေပြရမယ်..''
မုရုံချန်းသည်သူ၏အောင်မြင်မှုအားဂုဏ်ယူနေပြီး အနိုင်ယူရန်သေချာပေါက်ဆုံးဖြတ်ထားပုံရသည်။
သူသည်ဓားဆန္ဒနယ်မြေတွင်းသို့ခြေတစ်လှမ်းလှမ်းလိုက်၏။ထိုနယ်မြေအတွင်းတွင်ကား ဓားဆန္ဒတို့သည် သူ၏ခန္ဓာကိုယ်အားပြင်းထန်စွာဖြင့်ဖိနှိပ်ထားလေသည်။၄င်းသည် ဤဓားကိုးချောင်းကိုရယူရန်အတွက်စမ်းသပ်မှုတစ်ခုပင်ဖြစ်လေသည်။
မုရုံချန်းသည် ဤနေရာသို့မလာခင်ကတည်းကကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။သူ၏ကိုယ်မှ ပြင်းထန်သောဝိဉာဏ်စွမ်းအားများထွက်ပေါ်လာပြီး ဓားဆန္ဒအားကာကွယ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင်သူနောက်တစ်လှမ်းလှမ်းလိုက်၏။
မုရုံချန်းသည် ဓားကိုးချောင်းမှ ပေငါးရာအကွာအဝေးသို့ရောက်သောအခါတွင်ကားသူ၏ထိပ်ပေါ်မှချွေးများစီးကျလာလေတော့သည်။အလွန်တရာမှလေးလံသောတောင်တစ်လုံးဖြင့်သူအားဖိထားသကဲ့သို့ခံစားရပြီး ခြေလှမ်းတစ်လှမ်းတိုင်းသည်အလွန်တရာမှခက်ခဲလေ၏။
ယောက်ျားလေးယောက်နှင့် မိန်းမနှစ်ယောက်ပါဝင်သောလူတစ်စုသည်ကောင်းကင်ပေါ်မှနေ၍မုရုံချန်းအားစိုက်ကြည့်နေ၏။
ထိုလူစုသည် တောက်​ေပြာင်သောအနက်ရောင်ဝတ်ရုံအားဝတ်ဆင်ထား၏။ကောင်းကင်နက်ဂိုဏ်းမှတပည့်တစ်ဦးတစ်ယောက်သာ ၄င်းတို့အားတွေ့ပါက သူတို့သည်ကောင်းကင်နက်ဂိုဏ်း၏ တာအို ဆရာသခင်များဖြစ်ကြောင်းသေချာပေါက်သိရှိမည်ဖြစ်လေသည်။
၄င်းတို့သည်  ေကာင်းကင်နက်ဂိုဏ်း၏အထူးချွန်ဆုံးသော ​ကျင့်ကြံသူများပင်ဖြစ်လေသည်။
၄င်းတို့သည်ကောင်းကင်နက်ဂိုဏ်း၏နှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့သောအစဥ်အလာတစ်ခုပင်ဖြစ်သည်။သူတို့တစ်ယောက်ချင်းစီတိုင်းသည် အတိတ်တုန်းကအလွန်ထူးချွန်ပြီး ကောင်းကင်နှင့်မြေကြီးတို့၏သားတော်များဖြစ်ကြသည်။
သူတို့အားချီလင်၏သားတော်များဟုပင်ခေါ်ဆိုနိုင်လေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now