အပိုင်း ၁၆ ချူခွမ်းရန်ဉာဏ်အလင်းရခြင်း ၊အကြီးအကဲများက ကာကွယ်ပေးခြင်း

986 103 0
                                    

အပိုင်း ၁၆ ချူခွမ်းရန်ဉာဏ်အလင်းရခြင်း ၊အကြီးအကဲများက ကာကွယ်ပေးခြင်း

ချူခွမ်းရန်သည် စာကြည့်တိုက်သို့ဝင်လာပြီးနောက် တတိယထပ်ကိုတက်လာခဲ့သည်။ဤအထပ်တွင် အမြင့်ဆုံးအဆင့်တွင်ရှိသော သိုင်းကျမ်းများကိုသိမ်းဆည်းထားပြီး စာအုပ်စင်များတွင် ဓားနည်းစနစ်တို့အားတွေ့ရသည်။။ဥပမာအားဖြင့် သူဓားသွားတစ်ထောင်တိုက်ခိုက်ခြင်းမူရင်းသိုင်းကျမ်းကိုဤနေရာတွင်တွေ့ရသည်။

တတိယထပ်တွင် လူများစွာရှိသည်။ဥပမာအားဖြင့်  အတွင်းတပည့်များနှင့် အပြင်တပည့်တို့​ ဖြစ်​​ ကြသည်။သူတို့ထဲမှအများစုမှာချူခွမ်းရန်တွေ့သောအခါ သူ့အားအာရုံစိုက်လာကြသည်။

''ကြည့်စမ်း အဲတာချူခွမ်းရန်မလား''

'' ဘာကိုချူခွမ်းရန်လဲ မင်းသူ့ကို စီနီယာအစ်ကိုကြီးလို့ခေါ်သင့်တယ်''

'' ဟုတ်တယ် နန်းကုန်းဟောင်တောင်သူ့ကြောင့်ရှုံးနိမ့်သွားရတယ်တဲ့...သူကကောင်းကင်နက်ဂိုဏ်းရဲ့တပည့်ခေါင်းဆောင် ဆိုတဲ့ခေါင်းစဥ်နဲ့ထိုက်တန်တဲ့သူပဲ''

'' ငါစီနီယာအစ်ကိုကြီရဲ့ အကြောင်းကိုအရင်တည်းကကြားဖူးတယ်..ပြောကြတာက သူသာအလိုရှိရင် နေနဲ့လ ကိုတောင် အမှောင်ဖုံးလွှမ်းနိုင်တယ်ဆိုပဲ''

'' ဒီလိုလူမျိုးကမ္ဘာပေါ်မှာတကယ်ရှိလို့လား ''

တပည့်များစွာတို့သည် တိုးညင်းစွာပြောဆိုနေကြသည်။ထို့ကြောင့် ပုံမှန်အားဖြင့်တိတ်ဆိတ်နေသော စာကြည့်တိုက်သည်အနည်းငယ်ဆူညံလာသည်။ချူခွမ်းရန်ကမျက် မှောင်ကြုတ်လိုက်သည်။

''တိတ်စမ်း...''

အိုမင်းနေသောအသံတစ်သံထွက်ပေါ်လာသည်။၄င်းသည် ဆူညံမှုကိုသတိပြုမိသော အကြီးအကဲခုနှစ်၏အသံဖြစ်သည်။

အကြီးအကဲခုနှစ်၏အသံထွက်ပေါ်လာသည်နှင့် ဆူညံသံကပျောက်ကွယ်သွားသည်။ သို့သော်အကြည့်များက ချူခွမ်းရန်အပေါ်တွင်သာရှိနေသေးသည်။

ချူခွမ်းရန်သည် ကဂရုမစိုက်ဟန်ဆောင်လိုက်ပြီး စာအုပ်စင်ဆီသို့လမ်းလျှောက်လာသည်။ထို့နောက် ဓားတာအိုသိုင်းကျမ်းတစ်ခုအားကောက်ယူလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now