226-230

794 54 2
                                    

အပိုင်း ၂၂၆ လှိုင်းတစ်ချို့ဖမ်းရန် ပြင်ဆင်ခြင်း၊
အပြင်ထွက်၍ ပြဿနာရှာခြင်း....

ဒေါက်...‌ဒေါက်...
ကောင်းကင်မျှော်စင်နန်းတော်အတွင်းတွင်၊ လန်ယုက အခန်းတံခါးကို ခေါက်လိုက်၏။
“ ဝင်လာပါ”
အိမ်အတွင်းမှ တိုးညှင်းသောအသံတစ်ခု ထွက်လာသည်။

လန်ယုသည် အခန်းတံခါးကို တွန်းပြီး လမ်းလျှောက်သွားရာ ချူခွမ်းရန် သမ်းဝေနေသည်ကို မြင်လိုက်သည်။ သူသည် မကြာသေးခင်က နိုးလာခဲ့တာဖြစ်ပြီး သူမအား ဖျက်ခနဲ ပြုံးပြလိုက်၏။

သူမသည် ရှေ့သို့သွားပြီး ချူခွမ်းရန်အတွက်သူ၏ အိပ်ရာကို ကျွမ်းကျင်စွာ ခေါက်သိမ်းလိုက်သည်။ ထို့နောက်၊ သူ့အဝတ်အစားများ ပြောင်းဝတ်ရန် ကူညီပြီးနောက်၊ သူမက ပြောလိုက်သည်။
“ သခင်လေး၊ အစည်းအဝေးအတွက် သက်ရှည်ခန်းမကို အချိန်မီ‌ရောက်အောင် သတိပေးဖို့ အကြီးအကဲရူဟန်က တောင်းဆိုထားပါတယ်”
“ အစည်းအဝေးလား အို့... ဒီနေ့က လအစ ပဲ”
ချူခွမ်းရန်က သူ့အပေါ်လင်းလက်သွားသလို ပြောလိုက်၏။
ကောင်းကင်နက်ဂိုဏ်းသည် လွန်ခဲ့သည့်လတစ်လျှောက်လုံးတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို ဆွေးနွေးရန် လစဥ်တစ်ကြိမ်စီ အစည်းအဝေးတစ်ခု ကျင်းပပြီး တပည့်များ မည်သို့လုပ်ဆောင်ပုံ သို့မဟုတ် အခြားပညာရှင်ကျင့်ကြံခြင်းနေရာများက ဆိုးရွားသည့်အရာတစ်ခုခု လုပ်‌ဆောင်ခဲ့သလော စသည်တို့ကို ဆွေးနွေး၏။

သူ့ကိုယ်သူ ပြင်ဆင်ပြီးနောက်၊ ချူခွမ်းရန်သည် မှန်‌ရှေ့တွင် အနီးကပ်ကြည့်လိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်ဖြစ်တာ တစ်နှစ်ကြာပြီးနောက်၊ ငါ့ဆံသားက နည်းနည်းပါးသွားသလိုပဲ၊ ဒီအတိုင်းသာ ထားရင်၊ အချိန်မတန်မီ ‌ထိပ်ပြောင်ဖြစ်သွားလိမ့်မယ်’

လန်ယုက ကူကယ်ရာမဲ့ ရယ်လိုက်၏။
“ သခင်လေး၊ မင်းက အတွေးလွန်နေတာပဲ။ မင်းရဲ့ဆံပင်က ထူတုန်းလေ။ မင့်ဆံသားက နည်းနည်းမှ ပြောင်းလဲမှု မရှိဘူး”
“ ဟုတ်လား”
“ ဟုတ်ကဲ့၊သခင်လေးက အမြဲတမ်းကြည့်ကောင်းနေတုန်းပဲ”
“ ဒါဆိုအရမ်းကောင်းတယ်”
လန်ယုနှင့်အတူ၊ ချူခွမ်းရန်သည် အိမ်အပြင်သို့ ထွက်တော့ရန် ကြံလိုက်သည်။
ခြံဝင်းထဲတွင်၊ ရှောင်ပင်းသည် အနီရောင်လီအား စိတ်ဝိညာဥ်အသီးအနှံတစ်ချိူ့ ကျွေးနေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now