အပိုင်း ၃၅ ကောင်းကင်ဘုံမှာကျောက်စိမ်းမြို့တော်တည်ရှိတယ်၊ လူတိုင်း၏အသိအမှတ်ပြုမှုကိုရယူခြင်း
ချူခွမ်းရန်က နှင်းနဂါးသုံးဖော်ကို ရက်စက်စွာသတ်ဖြတ်ပြီးနောက် မည်သူကမှ မိုက်ရူးရဲဆန်သည့် ဆုံးဖြတ်ချက်ကို မပြုလုပ်ရဲတော့ပေ။သူတို့၏မျော်လင့်ချက်များသည် အကြောက်တရားဖြင့်ဖိနှိပ်ခံထားရသည်။
နှင်းနဂါးသုံးဖော်ကိုလွယ်ကူစွာသတ်ဖြတ်နိုင်သည့်စွမ်းအားအပြင် မြင့်မြတ်သခင် အဆင့်အဖော်တစ်ယောက်နှင့် ဆိုလျှင် ချူခွမ်းရန်သည် အဇူရာကုန်းမြေတစ်ခုလုံးတွင် လွတ်လပ်စွာသွားလာနိုင်တော့မည်ဖြစ်သည်။သူစိုးရိမ်စရာလိုသည့် တစ်ခုတည်းသောအရာမှာ သိုင်းအကျော်အမော် များပင်ဖြစ်သည်။
'' ဘယ်လိုတောင် လှပတဲ့ပြပွဲလဲ...''
လီချင်းချန်က လက်ခုပ်တီးကာဆိုသည်။
'' အစ်ကိုချူ ရဲ့ စွမ်းရည်ကတကယ်ပဲမျက်စိပွင့်စေတာပဲ''
'' အိုး...အစ်ကိုလီခင်ဗျားကမကြောက်ဘူးလား...''
'' ဘာကြောက်စရာလိုလို့လဲ...နှင်းနဂါးသုံးဖော်ကခင်ဗျားကိုသတ်ချင်တယ်..အခုသူတို့သေသွားပြီလေ..''
လီချင်းချန်က ဖြစ်ပျက်ခဲ့သည်များကို ဂရုမထားသလိုပြော၏။သူသည် နှင်းနဂါးသုံးဖော်၏ ကံကြမ္မာကိုဂရုမစိုက်ပေ။
အမှန်တကယ်တွင်...အဖြူရောင်တိမ်တိုက်မြို့တော်၏ ကျောက်စိမ်းဖြူဟိုတယ်တွင် ကိုယ်ပိုင်အဆက်အသွယ်များရှိပြီး မြင့်မြတ်သခင် များကိုကြောက်ရွံ့ခြင်းမရှိချေ။
'' တကယ်လို့ တခြားကိစ္စမရှိဘူးဆိုရင် ငါသွားတော့မယ်''
ချူခွမ်းရန်ကပြောလိုက်သည်။
'' အစ်ကိုချူ အဖြူရောင်တိမ်တိုက်မြို့တော် ကအနီးအနားမှာပဲ...ပြီးတော့ ကျောက်စိမ်းဖြူဟိုတယ်က မြို့မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတစ်ခုပဲ...ဘာကြောင့် ရက်အနည်းငယ်လာပြီးအနားမယူရတာလဲ''
လီချင်းချန်က စိတ်လှုပ်ရှားစွာပြောလိုက်၏။
လီချင်းချန်က အစပိုင်းတွင် ချူခွမ်းရန်၏ရုပ်ရည်သွင်ပြင်ကြောင့် ရိုးရိုးတန်းတန်းနှုတ်ဆက်လိုခြင်းဖြစ်သည်။သို့သော်...ချူခွမ်းရန်၏သရုပ်မှန်ကိုသိရှိပြီးနောက်တွင် မိတ်ဆွေဖွဲ့ချင်စိတ်မှာ ပိုမိုတိုးပွားလာသည်။
ŞİMDİ OKUDUĞUN
Aksiyonအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...